ကြယ်သုံးပွင့်ပါအာဂျင်တီးနားအသင်းအင်္ကျီကိုဘယ်တော့စဖြန့်မှာလဲ

ကြယ်သုံးပွင့်ပါအာဂျင်တီးနားအသင်းအင်္ကျီကိုဝတ်ဆင်နိုင်ဖို့အတွက်ဘောလုံးပရိတ်သတ်များဟာ ခရစ္စမတ်အပြီးအထိစောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။

အာဂျင်တီးနားရဲ့အင်္ကျီသစ်တွင်ကမ္ဘာ့ဖလားသုံးကြိမ်ရမှုအဖြစ်ကြယ်သုံးလုံးပါဝင်လာပါမယ်။

အာဂျင်တီးနားဟာကာတာကမ္ဘာ့ဖလားချန်ပီယံမဖြစ်မီ၁၉၈၆နှင့်၁၉၇၈ခုနှစ်တို့တွင်လည်းကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။

အာဂျင်တီးနားရဲ့အင်္ကျီသစ်မှာယခင်ဒီဇိုင်းအတိုင်းဖြစ်ပါတယ်။ဒါပေမဲ့ယခင်အင်္ကျီတွင်လိုဂိုအပေါ်ဘက်တွင်ကြယ်နှစ်ပွင့်ပါဝင်ပေမဲ့အင်္ကျီသစ်တွင်ကြယ်သုံးပွင့်ပါဝင်လာပါမယ်။

အာဂျင်တီးနားအတွက်အင်္ကျီထုတ်လုပ်ပေးနေတဲ့ Adidas ကအာဂျင်တီးနားအင်္ကျီသစ်ကိုလာမယ့်ဒီဇင်ဘာလ၂၈ရက်နေ့တွင်စတင်ရောင်းချသွားမယ်လို့ကြေညာလာပါတယ်။

အာဂျင်တီးနားအသင်းဟာမနေ့တုန်းကဗျူနိုအေးရိစ်တွင်ကမ္ဘာ့ဖလားလှည့်လည်အောင်ပွဲခံမှုပြုလုပ်ခဲ့ပြီးပရိသတ်၄သန်းကျော်အထိကြိုဆိုအော င်ပွဲခံခဲ့ကြပါတယ်။

အာဂျင်တီးနားအင်္ကျီသစ်ဟာအမြောက်အမြားရောင်းချလာရရှိလာမယ်လို့ယုံကြည်ရပါတယ်။

မက်ဆီပရိတ်သတ်ဖြစ်တဲ့သူဆိုရင်တော့ ဝတ်ချင်ကြမှာ အသေချာပါ

 

Be the first to comment

Leave a comment

Your email address will not be published.


*