ဖေ့စ်ဘုတ်အကောင့် ဟက်ခံရပြီးဟက်ကာက အပြာကားတင်ခဲ့တာခံလိုက်ရတဲ့ ဗန်ပါစီ

အာဆင်နယ်နှင့်မန်ချက်စတာယူနိက်တက် ဂန္ထဝင်ရော်ဘင်ဗန်ပါစီဟာသူ့ရဲ့ဖေ့စ် ဘုတ်စာမျက်နှာအဟက်ခံရပြီး ဟက်ကာက အပြာကားတင်ခဲ့ပြီးနောက် ထုတ်ပြန်ကြေညာချက် အလျှင်မြန်ပြုလုပ်လိုက်ရပါတယ်။

ရော်ဘင်ဗန်ပါစီရဲ့ဖေ့စ်ဘုတ်ပေ့ချ်မှာ Follower ၁၈သန်းအထိရှိပြီးယင်းစာမျက်နှာတွင်အပြာကားတစ်ကားတင်လာမှုကြောင့်အားလုံးအံ့ဩသင့်ခဲ့ရပါတယ်။

Star ရဲ့ဖော်ပြမှုအရရော်ဘင်ဗန်ပါစီရဲ့ဖေ့စ် ဘုတ်ပေ့ချ်တွင်ဗီဒီယိုင်ဖိုင်လေးဖိုင်တင်လာတာဖြစ်ပါတယ်။ဒါကြောင့်လည်းဗန်ပါစီကယင်းပို့စ်များကိုတင်သူမှာသူမဟုတ်ဘဲပေ့ချ်ကိုဟက်သွားတဲ့ ဟက်ကာကတင်ခဲ့ခြင်းဖြစ်ကြောင်းတွစ်တာကနေရှင်းလင်းမှုပြုလုပ်လာခဲ့ရပါတယ်။

ဗန်ပါစီဟာ၂၀၁၉ခုနှစ်တွင်ကစားသမားဘဝစတင်ရာဖီယင်နုတွင်ကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပါတယ်။
သူဟာအင်္ဂလန်တွင်ကစားစဉ်အတွင်းယူနိုက်တက်၊အာဆင်နယ်တို့နှင့်အတူ ပရီးမီးယားလိဂ်ဖလား၊အက်ဖ်အေဖလားတို့ဆွတ်ခူးခဲ့ဖူးပါတယ်။

လက်ရှိအချိန်တွင်သူဟာအသက်၁၆နှစ်အရွယ်ရှိသားဖြစ်သူရှာကီးရယ်ကိုဘောလုံးသမားကောင်းတစ်ဦးဖြစ်အောင်ပျိုးထောင်နေပါတယ်။သားဖြစ်သူဟာဖီယင်နုယူ-၁၇အသင်းအတွက်၁၃ပွဲကစားထားရာမှာ၁၆ဂိုးသွင်းထားပြီးဖခင်ဖြစ်သူရဲ့ခြေရာနင်းနိုင်မဲ့အလားအလာကောင်းပြသနေပါတယ်။

အပြာကားအတင်ခံရမှုကြောင့် ဗန်ပါစီတစ်ယောက် ဘယ်လောက်ထိ ထိတ်လန့်သွားလဲဆိုတာတော့ တွေးကြည့်ရုံနဲ့တင် စိတ်မသက်သာစရာပါ။

Be the first to comment

Leave a comment

Your email address will not be published.


*