မက်ဆီသွင်းတဲ့အာဂျင်တီးနားဒုတိယဂိုးကိုခွင့်ပြုစရာမလိုကြောင်းသက်သေပြခဲ့တဲ့ပရိတ်သတ်များ

ကမ္ဘာ့ဖလားဗိုလ်လုပွဲမှလီယွန်နယ်မက်ဆီရဲ့ဒုတိယဂိုးကိုခွင့်မပြုသင့်ကြောင်းသက်သေအထောက်အထားနှင့်တကွ မျက်စိလျှင်တဲ့ ပရိတ်သတ်များက သက်သေပြလာကြပါတယ်။


အာဂျင်တီးနားစူပါစတားဟာမနေ့ညတုန်းကပြင်သစ်ကိုအနိုင်ရရှိကာအာဂျင်တီးနားတို့တတိယအကြိမ်မြောက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်တဲ့ပွဲတွင်နှစ်ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

သူဟာပထမဂိုးကိုပင်နယ်တီမှသွင်းယူခဲ့တာဖြစ်ပြီးယင်းနောက်ဒီမာရီယာကဂိုးထပ်သွင်းခဲ့လို့၂-၀ဂိုးဖြင့်အာဂျင်တီးနားတို့ဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ပွဲပြီးရန်၁၀မိနစ်အလိုတွင်ဘက်ပေးက၅၉စက္ကန့်အတွင်းချေပဂိုးနှစ်ဂိုးသွင်းလာမှုကြောင့်အချိန်ပိုကစားခဲ့ရပါတယ်။

အသက်၃၅နှစ်ရှိမက်ဆီဟာအချိန်ပို၁၀၈မိနစ်တွင်မာတီနက်ဇ်ရဲ့ကန်ချက်ကိုဂိုးသမားလိုရစ်ပုတ်ထုတ်လိုက်မှုကကျလာတဲ့ဘောလုံးကိုပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

ယင်းအချိန်တွင်စည်းကြပ်ဒိုင်ကအလံထောင်မှုကြောင့်လူကျွံနေသလားမေးခွန်းထုတ်မှုရှိခဲ့ပါတယ်။ဒါပေမဲ့ရုပ်သံဓာတ်ပုံများအရလူကျွံနေခြင်းမရှိကြောင်းတွေ့ရပါတဘ်။
ဒါပေမဲ့ဘောလုံးပရိသတ်များကမက်ဆီရဲ့ယင်းဂိုးကိုခွင့်ပြုသင့်ကြောင်းဓာတ်ပုံအထောက်အထားနှင့်တကွာသက်သေပြလာတာဖြစ်ပါတယ်။

မက်ဆီကဂိုးထဲသို့ကန်သွင်းလိုက်ချိန်တွင်အာဂျင်တီးနားအရန်ကစားသမားနှစ်ဦးတို့ကွင်းထဲသို့ဝင်ရောက်နေမှုနဲ့အတူယင်းဂိုးကိုခွင့်မပြုသင့်ဘူးလို့ဆိုလာတာဖြစ်ပါတယ်။ယင်းသို့အရန်နှစ်ဦးကွင်းစည်းအတွင်းဝင်ရောက်မှုနဲ့အတူအာဂျင်တီးနားက၁၃ဦးဖြင့်ကစားနေတယ်လို့ယူဆရပါတယ်။

အဆိုပါပွဲတွင်မက်ဆီကဒုတိယဂိုးဖြင့်အာဂျင်တီးနားထပ်မံားဆောင်နိုင်ခဲ့ပေမဲ့ အချိန်ပိုပြီးခါနီးတွင်ဘက်ပေးကပင်နယ်တီကနေတဆင့်ချေပဂိုးထပ်သွင်းခဲ့လို့ပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရပါတယ်။

ဒါပေမဲ့ပင်နယ်တီအဆုံးအဖြတ်မှာတော့အာဂျင်တီးနားက၄-၂ဖြင့်အနိုင်ရရှိကာတတိယမြောက်ကမ္ဘာ့ဖလားရရှိသွားခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် မက်ဆီရဲ့နေဝင်ချိန်တွေဟာ အလွန်လှပနေတဲ့အတွက် မက်ဆီပရိတ်သတ်တွေအတွက်တော့ အရမ်းကိုကြည်နူးစရာပါ။

Be the first to comment

Leave a comment

Your email address will not be published.


*