ကမ္ဘာ့ဖလားမတိုင်ခင်ကလပ်မှာထဲကပြဿနာရှိခဲ့တဲ့ဘာပေနှင့်မက်ဆီ

ကိုင်လီအမ်ဘာပေနှင့်လီယွန်နယ်မက်ဆီဟာ ယနေ့ညကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့အဓိကဇာတ်လိုက်နှစ်ဦးဖြစ်ကြပါတယ်။ဒါပေမဲ့၎င်းတို့အကြားမှာလည်းအဖုအထစ်တွေကရှိနှင့်ပြီးသားဖြစ်ပါတယ်။

ယနေ့ညဗိုလ်လုပွဲထိပ်တိုက်တွေ့လာကြမဲ့မက်ဆီနှင့်ဘာပေတို့နဲ့ပတ်သက်ပြီးပြောကြဆွေးနွေးကြသူတွေအများကြီးပါ။

မက်ဆီအတွက်ယနေ့ညကမ္ဘာ့ဖလားဗိုလ်လုပွဲကနောက်ဆုံးကမ္ဘာ့ဖလားပွဲဖြစ်လာပါမယ်။တဖက်တွင်ဘာပေဟာလည်းကမ္ဘာ့ဖလားနှစ်ကြိမ်ဆက်ဆွတ်ခူးနိုင်ပြီး GOAT စာရင်းထဲဝင်ဖို့တာစူနေပါတယ်။

ဘာပေ ဟာပြီးခဲ့တဲ့မော်ရိုကိုနှင့်ဆီမီးပွဲအပြီးမှာပီအက်စ်ဂျီကစားဖော်ဟာကီမီနှင့်အင်္ကျီလှဲလှယ်ပြီးဥမင်လှိုဏ်ခေါင်းထဲမှာလည်းခင်ခင်မင်မင်နှင့်အချိန်အတန်ကြာစကားပြောခဲ့တာတွေ့ရပါတယ်။

ဒါပေမဲ့ယနေ့ညဗိုလ်လုပွဲမှာတော့မက်ဆီနှင့်ဘက်ပေးတို့ရဲ့ပီအက်စ်ဂျီကစားဖော်အကြားယင်းသို့အဖြစ်အပျက်မျိုးမြင်တွေ့လာရဖို့တော့မရှိပါဘူး။စပိန်မီဒီယာတွေရဲ့ဖော်ပြချက်အရဘက်ပေးနှင့်မက်ဆီတို့အကြားမှာပြဿနာတွေကရှိနှင့်ထားပြီးသားဖြစ်ကြောင်းသိရပါတယ်။

စပိန်သတင်းစာ El Pais ကဘာပေနှင့်မက်ဆီတို့ဟာပီအက်စ်ဂျီတွင်တစ်နှစ်ကျော်ကြာတွဲကစားလာခဲ့ကြပေမဲ့လည်းပရော်ဖက်ရှင်နယ်ဆက်ဆံမှုကလွဲပြီးမပိုကြောင်းဖော်ပြလာပါတယ်။

ဘာပေဟာနေမာနှင့်အဆင်မပြေမှုနဲ့အတူ မက်ဆီနှင့်လည်းပုဂ္ဂိုလ်ရေးပိုင်းခင်မင်ခြင်းမရှိတာဖြစ်ပါတယ်။

ဒါ့အပြင် Marca ကလည်းနွေရာသီတွင်ပီအက်စ်ဂျီနှင့်ပေါင်သန်း၅၀၀တန်ကြေးရှိစာချုပ်သစ်ချုပ်ဆိုလိုက်ပြီးနောက်ပိုင်းမှာဘာပေနဲ့မက်ဆီအကြားဆက်ဆံရေးပိုမိုဆိုးရွားလာကြောင်းလည်းဖော်ပြသွားပါတယ်။

ဘာပေဟာစာချုပ်သစ်ချုပ်ဆိုပြီးနောက်ပိုင်းမှာအဝတ်အစားလဲခန်းအတွင်းတွင်ပိုမိုဩဇာသက်ရောက်လာခဲ့ပါတယ်။မက်ဆီကသူ့ကိုတချိန်တုန်းကဘာစီလိုနာတွင်ပေးခဲ့တဲ့ပါဝါမျိုးကိုဘာပေရရှိနေတယ်လို့ယူဆနေပါတယ်။

ဒါ့အပြင်ဘာပေဟာနွေရာသီတုန်းကပီအက်စ်ဂျီအသင်းအဝတ်အစားလဲခန်းမှမက်ဆီ၊ဒီမာရီယာ၊ပါရီဒက်စ်၊မော်ရိုအိုင်ကာဒီ၊နည်းပြပိုချက်တီနိုအစရှိတဲ့အာဂျင်တီးနားသားအုပ်စုကိုဖြိုချခဲ့ကြောင်းလည်းသိရပါတယ်။ဘာပေရဲ့စနက်ကြောင့်မက်ဆီကလွဲပြီးကျန်အာဂျင်တီးနားသားအားလုံးပဲရစ်မှထွက်ခဲ့ရပါတယ်။

ယင်းကဲ့သို့အနေအထားများကြောင့်မက်ဆီနှင့်ဘာပေတို့အကြား ဆက်ဆံရေးမှာတင်းမာနေခဲ့တာဖြစ်ပြီးယနေ့ည ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် သူတပြန်ကိုယ်တပြန်အနိုင်ယူရေးကြိုးပမ်းလာကြဖို့ ရှိနေကြပါတယ်။

ဘယ်အသင်းက ကမ္ဘာ့ဖလားကို အရယူသွားနိုင်မလဲဆိုတာ ယနေ့ည အတူတူအားပေးကြရအောင်။

 

Be the first to comment

Leave a comment

Your email address will not be published.


*