မက်ဆီကိုအားပေးကြမဲ့ရော်နယ်ဒိုတို့မိသားစု

တနင်္ဂနွေမှာယှဉ်ပြိုင်ကစားမယ့် ဗိုလ်လုပွဲအတွက်တော့
ရော်နယ်ဒိုတို့မိသားစုဝင်တွေအားလုံးဟာ မက်ဆီရဲ့အာဂျင်တီးနား
အသင်းကိုထောက်ခံအားပေးသွားကြပါလိမ့်မယ်။ ၂၀၂၂ ခုနှစ်ဟာပေါ်တူဂီကြယ်ပွင့်အတွက် စိတ်ထိခိုက်စရာနဲ့ အဆိုးရွားဆုံးလို့ဆိုရင်မှားမယ်မထင်ပါဘူး။

မျိုးဆက်သစ်ဖြစ်လာမယ့်ရင်သွေးတစ်ယောက်ကို
ဆုံးရှုံးခဲ့ရတယ်၊ ယူနိုက်တက်မှာ အရန်ခုံထိုင်ခဲ့ရတယ်၊ ပြီးတော့ သရဲနီတွေနဲ့စာချုပ်ဖျက်သိမ်းလိုက်ရတယ်၊ ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာအရန်ခုံထိုင်ခဲ့ရတယ်၊ ကမ္ဘာ့ဖလားအိပ်မက်တွေအဆုံးသတ်ခဲ့ရတယ်ဆိုတဲ့စိတ်ညစ်စရာတွေအောက်မှာလုံးပန်းခဲ့ရတာဖြစ်တယ်။

ဒါ့အပြင် ကမ္ဘာ့ဖလား ၅ကြိမ်မှာ ရော်နယ်ဒိုက ဂိုးပါဝင်ပတ်သတ်မှု(၁၀ကြိမ်)ကို၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုတည်းနဲ့ ၈ကြိမ်လုပ်ပြထားတဲ့မက်ဆီအနေနဲ့ဗိုလ်လုပွဲမှာစံချိန်တူအနေအထားလုပ်ပြဖို့
အခွင့်အရေးရှိနေပါတယ်။ ဖိုင်နယ်ပွဲအတွက် ဗိုလ်စွဲနိုင်ခြေမှာမှာတော့အာဂျင်တီးနားက ၅၃ ရာခိုင်နှုန်းရှိနေပြီး ပြင်သစ်ကတော့၄၇ ရာခိုင်နှုန်းသာရှိနေတာဖြစ်တယ်။

ဒီလိုအချိန်မှာ တစ်မိသားစုလုံးကမက်ဆီကိုထောက်ခံအားပေးသွားမယ်လို့ ရော်နယ်ဒိုကအတည်ပြုလိုက်ပါတယ်။ “ကျွန်တော့်သားက မက်ဆီဖန်တစ်ယောက်ပါ။ကျွန်တော့်ဇနီးဟာ အာဂျင်တီးနားမျိုးရိုးကဆင်းသက်လာပါတယ်။ကျွန်တော်ကလည်း မက်ဆီပရိသတ်ပါ။ ဒါကြောင့် ကျွန်တော်တို့တစ်မိသားစုလုံး ၂၀၂၂ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားကိုအားပေးသွားပါမယ်” လို့ ရော်နယ်ဒိုက လူမူကွန်ယက်မှာအသိပေးထားပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*