ယူရို၂၀၁၆ချန်ပီယံဖြစ်အောင်ဦးဆောင်ခဲ့တဲ့နည်းပြဖာနန်ဒိုဆန်းတို့စ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲကွာတားဖိုင်နယ်မှထွက်ခွာခဲ့ရပြီးနောက်ပေါ်တူဂီနည်းပြရာထူးမှ ထုတ်ပယ်တော့မှာဖြစ်ပါတယ်။
ဖာနန်ဒိုဆန်းတို့စ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ကတောက်ကဆဖြစ်ခဲ့ပြီးနောက် ၁၆သင်းရှုံးထွက်အဆင့်နှင့်ကွာတားဖိုင်နယ်တို့တွင်အရန်ခုံသို့ပို့ခဲ့ပါတယ်။
ဆန်းတို့စ်ဟာတောင်ကိုရီးယားနှင့်အုပ်စုနောက်ဆုံးပွဲတွင်လူစားလဲခံရမှုအပေါ်မကျေနပ်တဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုဆွစ်ဇာလန်ကို၆-၁ဖြင့်အနိုင်ရတဲ့ပွဲမှာအရန်ခုံမှာထိုင်ခိုင်းထားခဲ့ပါတယ်။
ဒါ့အပြင်ဖာနန်ဒိုဆန်းတို့စ်ဟာမော်ရိုကိုကိုရှုံးနိမ့်တဲ့ကွာတားဖိုင်နယ်ပွဲစဉ်တွင်လည်းအရန်ခုံသို့ထပ်ပို့ခဲ့ပါတယ်။
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဖလားကာတားဖိုင်နယ်မှထွက်ခဲ့ရပြီးနောက်အသင်းကိုရှစ်နှစ်ကြာဦးဆောင်လာခဲ့တဲ့ဖာနန်ဒိုဆန်းတို့စ်နှင့်လမ်းခွဲရန်ဆုံးဖြတ်လိုက်ပါပြီ။
လက်ရှိအချိန်တွင်ပေါ်တူဂီနည်းပြရာထူးအတွက်ရိုးမားနည်းပြမော်ရင်ဟိုနှင့်လိုင်လီနည်းပြဖွန်ဆီကာတို့ကထိပ်ဆုံးမှရေပန်းစားနေပါတယ်။
မနေ့တုန်းကထွက်ခဲ့တဲ့သတင်းအရပေါ်တူဂီဟာမော်ရင်ဟိုကို ပေါ်တူဂီနှင့်ရိုးမားအသင်းအားပူးတွဲကိုင်တွယ်ခွင့်ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။
Be the first to comment