အာဂျင်တီးနားကိုဖြုတ်ချဖို့ယုံကြည်ချက်ရှိတယ်ဆိုတဲ့ ခရိုအေးရှားနည်းပြ

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာခရိုအေးရှားအသင်းဟာ အုပ်စုတွင်း ရမှတ်(၅)မှတ် အုပ်စုဒုတိယနေရာနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းခဲ့ရသလိုရှုံးထွက်နဲ့ ကွာတားအဆင့်တွေမှာ ဂျပန် ဘရာဇီးအသင်းတွေကိုပင်နယ်တီ အဆုံးအဖြတ်တွေနဲ့ အနိုင်ယူ ကျော်ဖြတ်လာနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ခရိုအေးရှားအသင်းဟာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်မှာ နောက်ထပ် တောင်အမေရိက ထိပ်သီးအသင်းကြီးဖြစ်တဲ့အာဂျင်တီးနားနဲ့ တွေ့ဆုံသွားရတော့မှာပဲ ဖြစ်ပါတယ်။

ခရိုအေးရှားနည်းပြ ဇလတ်ကို ဒါလစ်ဟာ လီယွန်နယ် မက်ဆီဦးဆောင်တဲ့အာဂျင်တီးနားနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမယ့် ဆီမီးဖိုင်နယ်ပွဲမတိုင်ခင်စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ခဲ့ပါတယ်။ “ဆီမီးဖိုင်နယ်ကို ၂ ကြိမ်ဆက်တိုက်တက်ရောက်နိုင်ခဲ့တာပါ။

ကျွန်တော်တို့က စိတ်အားထက်သန်မှုအပြည့်ရှိနေတဲ့အသင်းကို ရင်ဆိုင်ရမှာပါ။ ပြီးတော့ မက်ဆီလည်း ပါနေတယ်၊သူတို့ကို ရင်ဆိုင်ရမှာက မလွယ်ကူပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့သန်မာမှုရှိတဲ့ အချက်တွေကနေ အကျိုးရှိအောင်လုပ်သွားမှာပါ၊ကျွန်တော်တို့ အချိန်ပို ၂ ပွဲ ကစားခဲ့ရပေမယ့်လည်း အာဂျင်တီးနားနဲ့ပွဲမှာအရာအားလုံးကို ပေးဆပ်သွားမှာပါ” “ဒီပွဲက ခရိုအေးရှားသမိုင်းမှာတတိယမြောက်အရေးအပါဆုံးပွဲဖြစ်လာမှာပါ၊ ပထမပွဲကတော့ ၂၀၁၈ မှာအင်္ဂလန်၊ ပြီးတော့ လတ်တလော ကစားခဲ့တဲ့ ဘရာဇီးပွဲပါ။

ဒါကြောင့် ဒီပွဲကိုအနိုင်ရမယ်ဆိုရင် ခရိုအေးရှားသမိုင်းမှာ အကြီးကျယ်ဆုံးနိုင်ပွဲဖြစ်လာပါလိမ့်မယ်၊ ဟော်လန်နဲ့ပွဲကထက် ပိုကောင်းတဲ့အာဂျင်တီးနားကို မတွေ့ရဖို့တော့ မျှော်လင့်ပါတယ်၊ဒီပွဲက ခက်ခဲပါလိမ့်မယ်၊ ကမ္ဘာ့အကောင်းဆုံးအသင်းနဲ့ကျွန်တော်တို့ ရင်ဆိုင်ရမှာပါ” “ရလဒ်က ဘာပဲဖြစ်ဖြစ် ဒီပြိုင်ပွဲမှာကျွန်တော်တို့ စွမ်းဆောင်ပြနိုင်ခဲ့တာတွေအတွက် ဂုဏ်ယူနေမှာပါ။

ကျွန်တော်တို့ပျော်ပျော်ရွှင်ရွှင်ကစားပြီး ဆုဖလားရဖို့လည်းမျှော်လင့်ပါတယ်” လို့ ဒါလစ်က ပြောခဲ့ပါတယ်။ဒါလစ်မျှော်လင့်ထားသလို မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းကို ခရိုအေးရှားက ဆီမီးဖိုင်နယ်မှာ ဖြုတ်ချ နိုင်မလားဆိုတာ စောင့်ကြည့်ရင်း အားပေးလိုက်ရအောင်။

 

Be the first to comment

Leave a comment

Your email address will not be published.


*