ခီလီယန် အမ်ဘာပေဟာ စနေနေ့ညက ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် ဥမင်လျှောက်လမ်းထဲမှာ အင်္ဂလန်နောက်ခံလူ ကိုင်လီ ဝေါ်ကာရဲ့ ရက်ရက်စက်စက် ချေမိုးခြင်းကို ခံခဲ့ရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက် သွင်းဂိုး ၅ ဂိုး သွင်းယူပြီးနောက် အမ်ဘာပေဟာ ပြင်သစ်ရဲ့ အန္တရာယ်အရှိဆုံး ကစားသမားဖြစ်ခဲ့တာဖြစ်ပြီး ပွဲမတိုင်ခင် ဆွေးနွေးမှုတွေအများစုမှာ လွှမ်းမိုးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အမှန်တကယ်လည်း ဝေါ်ကာဟာ အမ်ဘာပေရဲ့ အကြောင်းကို အချိန်အတော်ကြာ မေးမြန်းခြင်းခံခဲ့ရပြီး အင်္ဂလန်နောက်ခံလူက ပြင်သစ်တိုက်စစ်မှူးကို အထူးပုဂ္ဂိုလ်အဖြစ် ကြိုဆိုမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တဲ့အပြင် ဆာဒီယို မာနေးက ပိုပြီး ရင်ဆိုင်ရခက်ခဲတဲ့ ပြိုင်ဘက်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အမ်ဘာပေဟာ အချိန်တစ်ခုလောက်အထိ လက်ကို ဆန့်တန်းထားပေးခဲ့ပြီးနောက် ဘယ်သူကမှ လက်ကို ပြန်ဆွဲခြင်းမရှိတာကို သိခဲ့ပြီးနောက် ပြန်ရုပ်ပြီး ကသိကအောင့်ဖြစ်သွားတဲ့ပုံစံနဲ့ ရယ်မောနေခဲ့တာဖြစ်ပါတယ်။ ဝေါ်ကာဟာ စနေနေ့ညပွဲစဉ်မှာ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးကို ကောင်းကောင်း ထိန်းထားနိုင်ခဲ့တာဖြစ်ပြီး အမ်ဘာပေဟာ အယ်လ် ဘေ့တ်ကွင်းမှာ ဂိုးပေါက်ခြိမ်းခြောက်မှု များများစားစား ပြုလုပ်နိုင်ခြင်းမရှိခဲ့ဘဲ တိတ်ဆိတ်နေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒုတိယပိုင်းအစောပိုင်းမှာ အမ်ဘာပေက ဝေါ်ကာထက် ပိုမိုကောင်းမွန်အောင် လုပ်နိုင်ခဲ့ပြီး ၂ ဦးစလုံးဟာ တောက်ပတဲ့ မြန်နှုန်းနဲ့ ဘယ်တောင်ပံမှာ ယှဉ်ပြေးခဲ့ကြပေမယ့်လည်း အမ်ဘာပေက ကျော်တက်နိုင်ခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေဟာ ဂိုးရှေ့ကို ဖြတ်တင်ပေးပို့ခဲ့ပေမယ့်လည်း ဘောလုံးက ဂျီရူးနဲ့ ဒမ်ဘီလီတို့အတွက် အကောင်းဆုံးအနေအထားမှာ ရောက်ရှိသွားခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပြင်သစ်ဟာဆီမီးဖိုင်နယ်ကိုတက်ရောက်ခဲ့ပြီဖြစ်လို့ အမ်ဘာပေထပ်ပြီးအရှက်ကွဲစရာတော့မရှိတော့ပါဘူး။
Be the first to comment