ကာတာနိုင်ငံမှာကျင်းပတဲ့ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အရှိန်ကောင်းလာမှုနှင့်အတူ တိရိစ္ဆာန်လေးများရဲ့ခန့်မှန့်းမှုတွေဟာလဲ အမြဲလိုလိုပေါ်ထွက်လာပါတယ်။
ယခုလဲဘောလုံးပွဲများတွင်အနိုင်ရမဲ့အသင်းကိုမှန်ကန်စွာရွေးချယ်ထားနိုင်တဲ့ခြင်္သေ့တစ်ကောင်ဟာစနေနေ့ညတွင်အင်္ဂလန်နှင့်ပြင်သစ်တို့ရင်ဆိုင်ကစားမယ့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်ကိုဟောကိန်းထုတ်လာပါတယ်။
ထိုင်းနိုင်ငံ၊ Khon Khaen ရှိ တိရိစ္ဆာန်ဥယျာဉ်ထိန်းသိမ်းရေးသမားများရဲ့ပြောကြားမှုအရခြင်္သေ့ Chao Boy ဟာဘောလုံးပွဲများကိုခန့်မှန်းရာတွင်၉၀ရာခိုင်နှုန်းအထိမှန်ကန်ထားသူဖြစ်ကြောင်းသိရပါတယ်။
အသက်၉နှစ်အရွယ်ရှိခြင်္သေ့ဟာကြက်ပေါင်ချည်ထားတဲ့အလံနှစ်ခုမှ တစ်ခုကိုရွေးချယ်ပြီးအနိုင်ရမဲ့အသင်းကိုဟောကိန်းထုတ်ပေးနေတာလည်းဖြစ်ပါတယ်။
ယခုလည်းခြင်္သေ့ဟာပြင်သစ်အလံချည်ထားတဲ့ကြက်ပေါင်ကိုကိုက်ဆွဲပြီး ပြင်သစ်ကအင်္ဂလန်ကို ကွာတားဖိုင်နယ်တွင်အနိုင်ယူမယ်လို့ဟောကိန်းထုတ်လာပါတယ်။
ယင်းထိုင်းခြင်္သေ့ဟာကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်များတွင်အာဂျင်တီးနားကနယ်သာလန်ကိုလည်းကောင်း၊ဘရာဇီးကခရိုအေးရှားကိုလည်းကောင်း၊မော်ရိုကိုကပေါ်တူဂီကိုလည်းကောင်းအနိုင်ယူမယ်လို့လည်းဟောကိန်းထုတ်ထားပါသေးတယ်။ဟောကိန်းမှန်မမှန်ကိုတော့ ဘောလုံးပွဲအားပေးရင်းစောင့်ကြည့်ကြပါစို့။
Be the first to comment