ဘရာဇီးအားမရှုမလှရှုံးနိမ့်ပြီးနောက် အသင်းနည်းပြရာထူးမှနှုတ်ထွက်သွားတဲ့တောင်ကိုရီးယားနည်းပြ

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းများ တစ်သင်းပြီးတစ်သင်းထွက်ခွာရမှု နှင့်အတူ အသင်းနည်းပြများဟာလဲ တစ်ယောက်ပြီးတစ်ယောက်နှုတ် ထွက်လာခဲ့ကြရာ ယခုဆိုရင်လည်းတောင်ကိုရီးယားနည်းပြပေါ်လိုဘင်တိုဟာမနေ့ညတုန်းကဘရာဇီးကို၄-၁ဂိုးဖြင့်ရှုံးနိမ့်ကာကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်မှတောင်ကိုရီးယားအသင်း ထွက်ခွာခဲ့ရပြီးနောက် တောင်ကိုရီးယားနည်းပြရာထူးမှနုတ်ထွက်သွားခဲ့ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာပြီးခဲ့တဲ့စက်တင်ဘာလကတည်းကကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်တောင်ကိုရီးယားနည်းပြရာထူးမှထွက်ခွာကာအနားယူရန်စဉ်းစားထားသူလည်းဖြစ်ပါတယ်။

တောင်ကိုရီးယားဟာမနေ့ညတုန်းကဘရာဇီးနှင့်၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်လုံးဝယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိဘဲ ပထမပိုင်းမှာပင်၄-၀ဂိုးဖြင့်ရှုံးနိမ့်နေခဲ့ပြီး၄-၁ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ဘင်တိုက “စက်တင်ဘာလတုန်းကချထားတဲ့ဆုံးဖြတ်ချက်ကိုအဖွဲ့ချုပ်ဥက္ကဌနဲ့ကစားသမားတွေကိုအသိပေးလိုက်ပါပြီ။ဆုံးဖြတ်ချက်ကချပြီးသားပါ။အခုတော့အတည်ပြုလိုက်ပါပြီ”လို့ပြောကြားသွားပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဘင်တိုဟာကမ္ဘာ့ဖလားပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက်ရာထူးမှထွက်ခွာလာတဲ့တတိယမြောက်နည်းပြလည်းဖြစ်ပါတယ်။ဘင်တိုမတိုင်မီမက္ကဆီကိုနည်းပြမာတီနိုနှင့်ဘယ်လ်ဂျီယံနည်းပြမာတီနက်ဇ်တို့ထွက်ခွာခဲ့ကြပြီးဖြစ်ပါတယ်။

နောက်ထပ်လဲ ဘယ်နိုင်ငံအသင်းနည်းပြတွေ နှုတ်ထွက်ကြအုန်းမလဲ ဆိုတာက စိတ်ဝင်စားစရာကောင်းနေပါပြီ။

 

Be the first to comment

Leave a comment

Your email address will not be published.


*