ကမ္ဘာ့ဖလားပွဲစဥ်တွေ တဖြေးဖြေးပြီးဆုံးလာတာနဲ့အမျှ ဆုဖလားရယူနိုင်မဲ့အသင်းတွေလဲ တဖြေးဖြေးနဲ့ရုပ်လုံးပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။ထိုအထဲမှာမှ ဥရောပတိုက်ရဲ့ အင်အားကြီး အုပ်စုနှစ်သင်းဖြစ်တဲ့ အဂ်လန် နဲ့ ပြင်သစ်တို့ဟာ ကွာတားဖိုင်နယ်အဆင့်မှာ ထိပ်တိုက်တွေ့ဆုံကြပြီပဲဖြစ်ပါတယ်။
အဂ်လန်အသင်းဟာ ၁၆သင်းအုပ်စုအဆင့်မှာ အာဖရိကချန်ပီယံ ဆီနီဂေါအသင်းကို ဟန်ဒါဆင်၊ ဟယ်ရီကိန်း၊ ဆာကာတို့ရဲ့သွင်းဂိုးတွေနဲ့ ၃-၀ ရလာဒ်ဖြင့် ဂိုးပြတ်အနိုင်ယူပြီး အိမ်ပြန်စေခဲ့ပါတယ်။
ကမ္ဘာ့ဖလားလက်ရှိချန်ပီယံ ပြင်သစ် အသင်းကလဲ ပိုလန်အသင်းကိုကိုင်လီအမ်ဘာပေ၊ အိုလီဗာဂျီရူး တို့ရဲ့သွင်းဂိုးတွေနဲ့ ၃-၁ရလာဒ်ဖြင့်ဂိုးပြတ်ချေမှုန်းထားခဲ့တာပါ။ပိုလန်အတွက် နှစ်သိမ့်ဂိုးကိုတော့ ပင်နတီမှတဆင့် လီဝန်ဒိုစကီးက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် အမ်ဘာပေဟာ ပြိုင်ဘက်ခံစစ်မှူးများကို အကြိမ်ကြိမ်ဒုက္ခပေးပြီးသွင်းဂိုးများရယူခဲ့သိလို အဂ်လန်အသင်းနောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားဟာလဲ မန်ချက်စတာယူနိုက်တက်မှာ ကစားတဲ့ခြေစွမ်းမျိုးနဲ့ လုံးဝမတူတဲ့ ခြေစွမ်းနဲ့ အဂ်လန်နောက်တန်းမှာ ကျောက်ဆောင်သဖွယ် ကာကွယ်နေပြီး အထူးခြေစွမ်းပြလျက်ရှိပါတယ်။
အမ်ဘာပေက “အဂ်လန်အသင်းမှာ တိုက်စစ်မှူးတိုင်းရင်ဆိုင်ရခက်တဲ့ အတွေ့ကြုံရင့်နောက်တန်းကောင်းတွေရှိပါတယ်။သူ့တို့ကိုကျော်ဖြတ်ပြီးဂိုးသွင်းပြဖို့ဆိုတာ တကယ်ကိုခက်ခဲတဲ့အလုပ်ပါ။အထူးသဖြင့် ဟယ်ရီလိုခံစစ်မှူးမျိုးနဲ့ ရင်ဆိုင်ရမှာတော့ အနည်းငယ်ကြောက်ရွံ့မိတာအမှန်ပါပဲ။ဒါပေမဲ့ ကစားနေတာက ဘောလုံးလေ ဘာမဆိုဖြစ်သွားနိုင်တာပဲ။အဂ်လန်ကို အနိုင်ရဖို့အစွမ်းကုန်ကြိုးစားသွားမှာပါ” ဟုအင်တာဗျူးမှာ စိတ်ဓာတ်စစ်ဆင်ရေးလုပ်သွားခဲ့ပါတယ်။
ပြင်သစ် နှင့် အဂ်လန် တို့ဟာ လာမဲ့ဒီဇင်ဘာလ ၁၁ရက်နေ့ မနက် ၁:၃၀ နာရီမှာ ကွာတားဖိုင်နယ်ပွဲစဥ်အဖြစ် AI Bayt Stadium ကွင်းကြီးမှာ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။
Be the first to comment