ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်မှထွက်ခွာခဲ့ရပေမဲ့လည်းဥရုဂွေးအသင်းကိုလည်းအုပ်စုအဆင့်မှထွက်ခွာရအောင်လုပ်ဆောင်နိုင်မှုနှင့်အတူ ဂါနာပရိတ်သတ်များဟာ အောင်ပွဲခံခဲ့ကြပါတယ်။
ဂါနာဟာဥရုဂွေးအသင်းကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ဥရုဂွေးဟာဂါနာကိုအနိုင်ရရှိခဲ့ပေမဲ့လည်းတောင်ကိုရီးယားကပေါ်တူဂီကို၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့မှုနဲ့အတူ ပြိုင်ပွဲမှထွက်ခဲ့ရပါတယ်။
ဂါနာပရိသတ်များဟာကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခွာခဲ့ရပေမဲ့လည်းဥရုဂွေးကိုလည်းထွက်ခွာရအောင်လုပ်ဆောင်နိုင်မှုနဲ့အတူ Al-Janoub Stadium တွင်အောင်ပွဲခံမှုပြုလုပ်ခဲ့ကြပါတယ်။
ဂါနာပရိသတ်များဟာ၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကကွာတားဖိုင်နယ်အဆင့်မှထွက်ခွာရအောင်လုပ်ဆောင်ခဲ့တဲ့ဥရုဂွေး မှ ဆွာရက်ရဲ့ လုပ်ရပ် ကိုကလဲ့စားချေနိုင်မှုအတွက်အောင်ပွဲခံလာကြတာလည်းဖြစ်ပါတယ်။
အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်အရဂါနာပရိသတ်များဟာ ပွဲအပြီးတွင် “Uruguay home”လို့အော်ဟစ်ခဲ့ကြသလို “Korea”လို့လည်းအော်ဟစ်ခဲ့ကြတာတွေ့ရပါတယ်။
နိုင်ငံအသင်းပေါ် အားပေးကြတဲ့ နိုင်ငံချစ်စိတ်က လူတိုင်းရဲ့ နှလုံးသားရော မျက်နှာမှာပါ ထင်ဟပ်စေတာမို့ ဖမ်းစားမှုပေးနိုင်တဲ့ ပြိုင်ပွဲတွေလဲဖြစ်ပါတယ်။
Be the first to comment