ကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခွာခဲ့ရပြီးနောက်ရွှေရောင်မျိုးဆက်များဖြင့်ဖွဲ့စည်းထားတဲ့ ဘယ်လ်ဂျီယံနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်ဟာ ထူးမှနှုတ်ထွက်သွားခဲ့ပါတယ်။
ဘယ်လ်ဂျီယံဟာမနေ့ညတုန်းက၂၀၁၈ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်ခရိုအေးရှားနှင့်ဂိုးမရှိသရေကျပြီးနောက်အုပ်စုအဆင့်မှထွက်ခွာခဲ့ရပါတယ်။
ပွဲအပြီးတွင်မာတီနက်ဇ်က “ဒီပွဲကျွန်တော့်ရဲ့လက်ရွေးစင်အသင်းနဲ့နောက်ဆုံးပွဲပါ”လို့ပြောကြားသွားပါတယ်။
ဝီဂန်နှင့်အဲဗာတန်နည်းပြဟောင်းမာတီနက်ဇ်ဟာ၂၀၁၆ခုနှစ်နွေရာသီကတည်းကဘယ်လ်ဂျီယံအသင်းကိုကိုင်တွယ်လာခဲ့သူဖြစ်ပါတယ်။
သူဟာဘယ်လ်ဂျီယံအသင်းကို၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကတတိယရရှိအောင်ဦးဆောင်ခဲ့ပါတယ်။
ဒါ့အပြင်မာတီနက်ဇ်ဦးဆောင်တဲ့ကာလအတွင်းတွင်ဘယ်လ်ဂျီယံအသင်းဟာဖီဖာကမ္ဘာ့အဆင့်တွင်၂နှစ်ကျော်ကြာနံပါတ်တစ်နေရာတွင်ရပ်တည်နိုင်ခဲ့ပြီးလက်ရှိအချိန်တွင်လည်းဘရာဇီးအောက်ဒုတိယနေရာမှာရပ်တည်နေပါတယ်။
၂၀၂၂ကာတာကမ္ဘာ့ဖလားကတော့ အသင်းကြီးတွေတဖြုတ်ဖြုတ် ကြွေလွှင့်တဲ့ နှစ်တစ်ခုပဲဖြစ်ပါတယ်။
Be the first to comment