အီကွေဒေါကိုအနိုင်ရရှိပြီးအုပ်စုအဆင့်မှ တက်ရောက်ခဲ့ပြီးနောက် ဆီနီဂေါအသင်းဟာ ဖီဖာစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်မှုကြောင့် စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။
အလူဆစ်စီရဲ့ဆီနီဂေါဟာအုပ်စုနောက်ဆုံးပွဲတွင်အီကွေဒေါကို၂-၁ဂိုးဖြင့်အနိုင်ရရှိကာ ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး တနင်္ဂနွေနေ့တွင်အင်္ဂလန်နှင့်ရင်ဆိုင် ကစားရပါမယ်။
ဒါပေမဲ့၎င်းတို့ဟာအီကွေဒေါကိုအနိုင်ရတဲ့ပွဲမတိုင်မီဖီဖာစည်းမျဉ်းချိုးဖောက်မှုနှင့်အတူဒဏ်ရိုက်ခြင်းခံလာရဖို့ရှိနေပါတယ်။
ဖီဖာရဲ့စည်းမျဉ်းအရပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲသို့နည်းပြအပြင်ကစားသမားတစ်ဦးပါတက်ရောက်ရပါမယ်။
ဆစ်စီဟာပထမပွဲနှစ်ပွဲတုန်းကကစားသမားတစ်ဦးစီခေါ်ယူပြီးသတင်းစာရှင်းလင်းပွဲသို့တက်ရောက်ခဲ့ပေမဲ့အီကွေဒေါနှင့်ပွဲမတိုင်မီမှာတော့တစ်ဦးတည်းတက်ရောက်ခဲ့ပါတယ်။
ဒါကြောင့်လည်းဖီဖာကဆီနီဂေါအသင်းရဲ့စည်းကမ်းချိုးဖောက်မှုကိုစစ်ဆေးမှုပြုလုပ်နေကြောင်းကြေညာလာပါတယ်။
ဆီနီဂေါဟာပေါင်၈၈၀၀ဒဏ်ရိုက်ခြင်းခံလာရဖို့ရှိနေပါတယ်။ဂျာမနီဟာလည်းစပိန်နှင့်ပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲသို့ကစားသမားခေါ်ဆောင်လာခြင်းမရှိမှုကြောင့်ပေါင်၈၈၀၀ဒဏ်ရိုက်ခံခဲ့ရပြီးဖြစ်ပါတယ်။
လာမဲ့ဒီဇင်ဘာလ ၅ရက်နေ့ မနက် ၁:၃၀ နာရီမှာ ဆီနီဂေါအသင်းဟာ အင်အားကြီးပြိုင်ဘက် အဂ်လန်အသင်းနဲ့ ရှုံးထွက်ပွဲစဥ်အဖြစ် ယှဥ်ကြိုင်ကစားရပါမယ်။
Be the first to comment