အဂ်လန်အသင်းဟာအိမ်နီးချင်းပြိုင်ဘက်ဝေးလ်ကိုအနိုင်ရပြီး ကမ္ဘာ့ဖလား ၁၆ သင်း အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်တာကြောင့် အခုမှ တကယ့် လုပ်ငန်းကြီးတွေစပြီး လုပ်ရတော့မယ်လို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကလေတိုက်လိုက်ပါတယ်။
အင်္ဂလန်ဟာ အင်္ဂါညက ကစားခဲ့တဲ့ဝေးလိနဲ့ ပွဲစဉ်မှာ
အနိုင်ရခဲ့ပြီးတဲ့နောက် အုပ်စု (B) ရဲ့ ထိပ်ဆုံးနေရာကနေ နောက်တစ်ဆင့် တက်နိုင်ခဲ့တာဖြစ်ပါတယ်။ အခုလို မျိုး အုပ်စု ထိပ်ဆုံးနေရာ ရခဲ့တဲ့အတွက် အင်္ဂလန်ဟာ အုပ်စု (A) က ဒုတိယ အသင်းဖြစ်တဲ့ဆီနီဂေါနဲ့ ၁၆ သင်းအဆင့်ပွဲစဉ်ကို လာမယ့် တနင်္ဂနွေနေ့မှာ ကစားရတော့မှာ ဖြစ်ပါတယ်။
အခုလိုမျိုး နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ တဲ့အတွက် အောင်ပွဲခံခဲ့ကြပေမဲ့ ဘီယာသောက်ခွင့် လုံး၀
မရှိတာကြောင့် ဖျော်ရည်တွေနဲ့ပဲ အောင်ပွဲခံမယ့် အကြောင်းကိုလည်း ဆောက်ဂိတ်က ဝေးလ်နဲ့ ပွဲစဉ်အပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ ‘’ဟိုတယ်မှာ မစ်ရှိတ်တွေ အများ ကြီး ဖျော်ထားတယ်။အားလုံးကမတူကွဲပြားနေတာတွေချည်းပဲလေ။ မဟုတ် ဘူးလား။ ဒါကို ကျွန်တော်တို့ လက်ခံပေးရမှာပေါ့။ ကျွန်တော်တို့ရဲ့ အခြေချ ရာ စခန်းလေးကို ကျွန်တော်တို့ မြတ်နိုးပါတယ်။ ဟိုတယ်မှာ ဝန်ဆောင်မှု ပေးနေကြတဲ့လူတွေကလည်း တကယ့်ကို လက်ဖျားခါလောက်တယ်ဗျာ။ ဒီထက် ပိုပြီး မကောင်းနိုင်ပါဘူး။ တခြားလူတွေအကုန်လုံးနဲ့လည်း ကျွန်တော်တို့ အဆင်ပြေနေပါတယ်။ ကစားသမားတွေကတော့ မွန်းကျပ်တာပေါ့ဗျာ။
ဒီလို အခြေအနေမျိုးမှာတော့ ကျွန်တော်တို့ အရမ်းကျေနပ်ပါတယ်။ မှန်ပါတယ်။ လုပ်ငန်းကြီးက အခုမှ စတော့မှာပါ’’ လို့ ဆောက်ဂိတ်က ဝေးလ်နဲ့ ပွဲစဉ်အပြီး မှာ ပြောဆိုသွားခဲ့ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာအင်္ဂလန်အတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ မန်စီးတီး တောင်ပံကစားသမား ဖိုဒန်ဟာဆိုရင် လည်း အဲဒီပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖိုဒန်ကတော့ ဦးစားပေး အဆင့်မှာ ရှိတဲ့ အခြေအနေမျိုးမဟုတ်ဘဲလာမယ့် ဆီနီဂေါနဲ့ ပွဲစဉ်မှာ မန်ယူ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကိုပဲ ပွဲထွက်စာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။ဆီနီဂေါနဲ့တွေ့ဆုံပြီး ဆောက်ဂိတ်ထပ်မံပြီး လေတိုက်နိုင်အုန်းမလား စောင့်ကြည့်ရပါအုန်းမယ်။
Be the first to comment