ဒိန်းမတ်ကိုသရေကစားမှာမဟုတ်ပဲအုပ်စုကဖြတ်ချခဲ့ဖို့လာမှာဆိုတဲ့ သြဇီနည်းပြ

မိမိတို့အသင်းဟာ ဒိန်းမတ်အသင်းနဲ့ပွဲကို သရေကန်ဖို့ လာမှာမဟုတ်ပဲ အုပ်စုကဖြုတ်ချခဲ့ဖို့လာမှာဖြစ်တယ်လို့ သြစတေးလျ နည်းပြဂရေဟမ်အာနိုးလ်က အခိုင်အမာ ပြောကြားလိုက်ပါတယ်။

သြစတြေးလျအသင်းဟာ တူနီးရှားက ပြင်သစ်ကို မနိုင်ခဲ့ရင် ဒိန်းမတ်အသင်းကို သရေကန်ယုံနဲ့ ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သြစီနည်းပြ အာနိုးလ်က မိမိတို့အသင်းဟာ သရေကန်ဖို့လာမှာမဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။

ဒိန်းမတ်နဲ့ပွဲမတိုင်ခင် အာနိုးလ်က အခုလိုမျိုး ရှင်းလင်းတဲ့မက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။ “ဒီပွဲက အခြားပွဲတွေလို ကွဲပြားခြားနားမှာမဟုတ်ပါဘူး။ ကျွန်တော်ဘဝမှာ သရေကန်ဖို့ ဘယ်တုန်းကမှ နည်းမပြခဲ့ပါဘူး။ အဲ့လိုလည်းလုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ အနိုင်ကန်ဖို့ပဲ လုပ်ဆောင်သွားမှာပါ။ ဒီမက်ဆေ့ချ်က ကောင်လေးတွေကို တွန်းအားဖြစ်စေပါတယ်။ ပြီးတော့ ကျွန်တော်တို့ တဆင့်ချင်းသွားတာပါ။ ပြင်သစ်နဲ့ပွဲတုန်းကဆို ကျွန်တော်တို့ မိနစ် ၃၀ လောက်ကောင်းခဲ့ပါတယ်”

တူနီးရှားနဲ့ပွဲဆို ၃၀% ကနေ ၆၀% အထိ ရှိခဲ့ပြီး အခုတော့ ဒိန်းမတ်နဲ့ပွဲမှာ ၉၀% ကနေ ၁၀၀% ထိ ရှိရမယ့်အချိန်ပါ။ အာနိုးလ်အတွက် သတင်းကောင်းက Full back စတား အက်ဒ်ကင်ဆန်တစ်ယောက် ကြံ့ခိုင်မှု ပြည့်ဝလာခဲ့တာဖြစ်ပါတယ်။

အက်ဒ်ကင်ဆန်ဟာ ဒဏ်ရာရရှိနေတာကြောင့် တူနီးရှားနဲ့ပွဲကို လွဲချော်ခဲ့ပြီး အာနိုးလ်တစ်ယောက် စနေနေ့မှာ လူအပြောင်းအလဲတွေပြုလုပ်ဖွယ်ရှိနေပါတယ်။

အပြောနဲ့လက်တွေ့တစ်ထပ်ထဲကျအောင်လုပ်နိုင်မလားဆိုတာ ယနေ့ည ၉:၃၀ နာရီမှာ စောင့်ကြည့်ရင်း အာရှအသင်းကို အားပေးရပါမယ်။

Be the first to comment

Leave a comment

Your email address will not be published.


*