နေမာယောင်ဆောင်ပြီးလုံခြုံရေးနဲ့ပရိတ်သတ်တွေကိုဖမ်းစားသွားတဲ့ငနဲ

မနေ့ညကယှဥ်ပြိုင်ကစားခဲ့တဲ့ ဘရာဇီးလ်နဲ့ဆွစ်ဇာလန် ပွဲစဉ်မှာတော့ လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေဟာ ပွဲကြည့်စင်ပေါ်မှာ ဘရာဇီးလ်တိုက်စစ်မှူးနေမာကို မြင်တွေ့ခဲ့ရလို့ အရူးအမူးဖြစ်ခဲ့ကြရပါတယ်။ ဒဏ်ရာကြောင့် အနားယူနေရတဲ့ နေမာက အသင်းပွဲစဉ်ကို လာရောက်ကြည့်ရှုတယ်လို့ ပရိသတ်တွေက ယူဆခဲ့ကြတာပါ။ ဒါပေမယ့် တကယ်တမ်းမှာတော့ နေမာက ဟိုတယ်မှာပဲ ရှိနေခဲ့ပြီး ပွဲကြည့်စင်ပေါ်က တယောက်ကတော့ နေမာနဲ့ တော်တော်လေးဆင်တူတဲ့သူဖြစ်နေခဲ့ပါတယ်။

နေမာ အယောင်ဆောင်ထားတဲ့ ပရိသတ်ဟာ အခြားသောပရိသတ်တွေနဲ့ ဓာတ်ပုံရိုက်ခံပေးခဲ့ပါတယ်။ ပိုပြီးတော့ ပြောင်မြောက်ခဲ့တာတော့ နေမာအတုဟာ တရားဝင်လုံခြုံရေးရယူပြီး ကွင်းအတွင်းဝင်ရောက်ခွင့်ပါ ရရှိခဲ့တာပါ။ နေမာရဲ့ ဝတ်စားဆင်ယင်မှုပုံစံအတိုင်း ဝတ်စားထားပြီး ဦးထုပ်အဖြူဆောင်းထားတဲ့ အဆိုပါ နေမာအတုဘေးနားမှာ ပရိသတ်တွေ ဝိုင်းဝိုင်းလည်နေခဲ့ပြီး Selfie တွေ ဆွဲနေခဲ့ကြပါတယ်။

လုံခြုံရေးအကျီဝတ်ဆင်ထားပြီး ကတ်ပြားလည်း ဆွဲထားတဲ့ လုံခြုံရေးအစောင့်တွေက နေမာအတုဘေးနားမှာ ဝန်းရံခဲ့ကြပြီး တချို့အစောင့်တွေကတော့ နေမာနဲ့ အပြင်မှာ တယောက်ချင်းတွေ့ရတယ်လို့ ယုံကြည်ခဲ့ကာ ဓာတ်ပုံရိုက်ဖို့ အပြေးအလွှားဖြစ်ခဲ့ကြပါသေးတယ်။ သူ့ရဲ့ ပီပြင်လှတဲ့ အမူအယာတွေအောက်မှာ လုံခြုံရေးတွေလည်း မင်သက်ခဲ့ရပါတယ်။

နေမာအတုဟာ တက်တူး၊ ခန္ဓာကိုယ်အရွယ်အစားကလည်း နေမာအစစ်နဲ့ တော်တော်လေးတူညီနေခဲ့ပြီး ပရိသတ်တွေနဲ့ လုံခြုံရေးတွေဟာ နေမာက ခြေကျင်းဝတ်ဒဏ်ရာရထားတာကို မေ့လျော့နေခဲ့ပြီး သေချာမကြည့်မိခဲ့ဘူးလို့ ယူဆရပါတယ်။ တချိန်တည်းမှာပဲ နေမာက သူ ဟိုတယ်ကနေ အသင်းပွဲကို ကြည့်နေတဲ့ဓာတ်ပုံကို သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပြီး ဒါကိုမြင်တွေ့ချိန်မှသာ နေမာအတုမှန်းသိခဲ့ကြရတာပါ။

ဒီဘဲကတော့ တော်တော်စား ငစားကောင်ပါ။

 

Be the first to comment

Leave a comment

Your email address will not be published.


*