နာမည်ကျော်ဂျာမနီအသင်းဟာ စပိန် အသင်းနဲ့ တစ်ဂိုးစီ သရေကျပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆ သင်း အဆင့်ကို တက်ရောက်ဖို့အတွက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်က လက်ထဲမှာ မရှိတော့ပေမဲ့လည်း ဂျာမနီနည်းပြဟန်ဆီဖလစ်က နောက်ဆုံး မျှော်လင့်ချက်အတွက် တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။
အဖွင့်ပွဲစဉ်မှာ ဂျပန်ကိုဒူးထောက် ခဲ့ရတဲ့အပြင် စပိန်နဲ့ပါ ထပ်ပြီးသရေကျခဲ့တာကြောင့် ဂျာမနီဟာ ကော်စတာရီကာနဲ့
နောက်ဆုံးပွဲစဉ်ကို မဖြစ်မနေ အနိုင်ရဖို့လိုအပ်ပြီး တစ်ဖက်မှာ ဂျပန်ကလည်း စပိန်ကို ရှုံးမှသာ ဂျာမနီဟာ နောက် တစ်ဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမှတ်တူနေတဲ့ ကိစ္စ မျိုးတွေရှိလာရင်တော့ ဂိုးကွာခြားချက်နဲ့ အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ်။
ဒီလိုမျိုး မျှော်လင့်ချက် ငွေ့ငွေ့လေးရှိနေဆဲဖြစ်တဲ့အတွက် နည်းပြ ဟန်ဆီ ဖလစ်ကတော့ အကောင်းမြင်ခဲ့ပြီး စပိန်နဲ့ပွဲမှာ အသင်းအတွက်အဖိုးတန် သရေတစ်မှတ်ရအောင် ဂိုးသွင်းပေးခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ဝါဒါဘရီမင် တိုက်စစ်မှူး ဖူးခရုဂ်ကို ချီးမွမ်း စကားဆိုခဲ့ပါတယ်။ ‘’သူက မဖြစ်မနေ လုပ်ပြ မယ်ဆိုတဲ့စိတ်ကို ပြသခဲ့တာကြောင့်ကျွန်တော် ကျေနပ်တယ်။
ဂိုးကို ဘယ် လို သွင်းပြလိုက်မယ်ဆိုတာကို ပြခဲ့တဲ့အတွက် ကျေနပ်တယ်။ သူက အသင်း ကို အများကြီး ကူညီပေးခဲ့တာပါ။ ဂိုးသွင်းရုံတင် မဟုတ်ပါဘူးဗျာ။ သူက
ကစားသမားကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ နှလုံးသားလှတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး လူမှန်နေရာမှန်ကို ရောက်လာပါပြီ။ သူရှိနေတဲ့အတွက် ကျွန်တော်တို့ ကျေနပ်ရတယ်’’ လို့ဟန်ဆီဖလစ်က စပိန်နဲ့ ပွဲစဉ် အပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။
နောက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆ သင်း အဆင့်ကို ရောက်အောင်လည်း ကြိုးစားမှာ ဖြစ်တယ်လို့ ဘိုင်ယန်နည်းပြ ဟောင်းက ဆိုပါတယ်။
‘’ခံစစ်ပိုင်းမှာ ကျွန်တော်တို့ တိုးတက်ဖို့ရာ လိုအပ်နေ ပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်ရေးရာက ကောင်းပါတယ်။ စပိန်ဟာ အမှတ်လို ချင်နေတယ်ဆိုတာကို ပြသခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရှိခဲ့တယ်။
ဒါဟာ ပွဲတစ်ပွဲ သက်သက်ပါပဲ။ ဒါဟာ ပထမခြေလှမ်း ဖြစ်တယ်ဆိုတာကို ကျွန် တော်တို့ သိထားတယ်။ ၁၆ သင်းအဆင့်ကို တက်ရောက်သွားနိုင်တဲ့ အခြေအနေတစ်ခုကို ကျွန်တော်တို့ ဖန်တီးချင်ပါတယ်’’ လို့ဟန်ဆီဖလစ်က အကောင်းမြင်တဲ့ဘက်ကနေပြီး ပြောဆိုသွားခဲ့ပါတယ်။
ဂျာမနီလို ဥရောပအသင်းကြီးသာ အုပ်စုအဆင့်က လှည့်ပြန်ရ ရင်တော့ ၂၀၂၂ကတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကြီးမားဆုံး အရှက်စရာကြီးတစ်ခုအဖြစ် သမိုင်းမှာထင်ကျန်ရစ်နေအုန်းမှာပါ။
Be the first to comment