အဲရစ်တန်ဟတ်ခေါင်းစားနေတဲ့ တိုက်စစ်မှူးနေရာအတွက် မန်ချက်စတာယူနိုက်တက်ဟာ နာပိုလီရဲ့ ဗစ်တာအိုဆင်ဟမ်ကို လိုက်နေတယ်ဆိုတာသေချာသွားခဲ့ပြီး ဇန်နဝါရီအတွက် ကမ်းလှမ်းချက်မှာတော့ အလုပ်မဖြစ်သေးပါဘူး။
နာပိုလီတိုက်စစ်မှူးဟာ ယူနိုက်တက်ကိုပြောင်းရွှေ့ ဖို့ချိတ်ဆက်နေတယ်လို့ အီတလီဂျာနယ်လစ်တစ်ယောက်က အတည်ပြုပေးခဲ့ပြီး လာမယ့်နွေဈေးကွက်မှာ ဖြစ်လာလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
အီတလီဘောလုံးရေးရာကျွမ်းကျင်သူ ကာလိုဂါဂါနီစီက “အိုဆင်ဟမ်က ယူနိုက်တက်ပစ်မှတ်စာရင်းထဲမှာ လာမယ့်နွေရာသီအထိ ရှိနေမှာဖြစ်ပေမဲ့ နာပိုလီဘက်က မရောင်းဘူးလို့အတင်းငြင်းဆိုနေပါတယ်။
နာပိုလီဟာပြီးခဲ့တဲ့နွေဈေးကွက်မှာ ကစားသမားတွေအများပြားထုတ်ရောင်းခဲ့ပြီးအမြတ်ငွေရှာဖွေထားတဲ့အတွက် လက်ရှိမှာ ကစားသမားကောင်းတွေ ဆုံးရှုံးခဲ့တယ်။ အိုဆင်ဟမ်က သူတို့ရောင်းချမဲ့ ပရောဂျက်ထဲပါဝင်နေတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့ ဇန်နဝါရီမှာတာ့လုံးဝမဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ လာမယ့်နွေရာသီမှာတော့ ကျွန်တော့်ဘက်က ဒါကိုမငြင်းဆန်နိုင်ပါဘူး။ ဒီလော်ရန်းတစ်က အကြွင်းမဲ့ဆရာကြီးဖြစ်လို့ ကျွန်တော် မငြင်းချင်ပါဘူး။ နာပိုလီဥက္ကဌဟာသူ့အသင်းရဲ့ကြယ်ပွင့် ကစားသမားတွေကို ငွေကြေးအမြောက်အများနဲ့ရောင်းချရာမှာ အရှင်သခင် တစ်ယောက်ဖြစ်တယ်။ ပြီးတော့ လူသိနည်းတဲ့ကစားသမားတွေကိုရှာပြီးတနည်းနည်းနဲ့အစားထိုးတယ်၊ အဲ့ဒီကစားသမားတွေက ကြယ်ပွင့်တွေအဖြစ်ဖွံ့ဖြိုးတိုးတက်ဖို့ဆက်သွားကြတယ်” လို့ GiveMeSport နဲ့တွေ့ဆုံမှုမှာပြောဆိုခဲ့ပါတယ်။
ဂျာမနီကလပ် ဒေါ့မွန်စတိုင်အတိုင်း ကစားသမားဝယ်ရောင်းလုပ်နေ တဲ့ နာပိုလီဆီကနေ အိုဆင်ဟမ်ကို မန်ချက်စတာယူနိုက်တက် အရ ဝယ်ယူပြီး တန်ဟတ်ခေါင်းစားနေတဲ့ တိုက်စစ်နေရာကို ဖြည့်တင်းနိုင်မလားဆိုတာတော့ လာမဲ့ဇန်နဝါရီအပြောင်းရွှေ့မှာ စောင့်ကြည့်ရပါမယ်။
Be the first to comment