အဂ်လန်နည်းပြဆောက်ဂိတ်ဟာ လူစားလဲမှုအမှားတွေနဲ့သူ့ရဲ့ မွေးစားသား မေဆင်မောင့် ကိုတစ်ပွဲလုံးသုံးခဲ့တဲ့ တာကြောင့်အမေရိကန်ကို သရေကျပြီး ရလဒ်ကောင်း မရခဲ့တာဖြစ်တယ်လို့ ဘောလုံးရေးရာ ဝေဖန်သူတွေဖြစ်ကြတဲ့ ရွိုင်ကိန်းနဲ့ဂယ်ရီနဗီးလ်တို့က ထောက်ပြခဲ့ကြပါတယ်။
ဒီပွဲမှာ ဂိုးမရှိ သရေကျခဲ့တဲ့ အမေရိကန် ကွင်းလယ် လူ ပူလီဆစ်ရဲ့ ဂိုးကန်ချက် ဘားတန်းထိပြီး ထွက်သွားခဲ့လို့သာ အင်္ဂလန်တို့ သက်သာခဲ့ရတာဖြစ်ပြီး ဒီဂိုးသာဝင်သွားခဲ့မယ်ဆိုရင်တော့ အင်္ဂလန်ဟာ ရှုံး ပွဲကြုံရဖို့ သေချာသလောက် ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ် မှာ အီရန်ကို ဂိုးပြတ်နိုင်ခဲ့တာကြောင့် အင်္ဂလန်ဟာ အမေရိကန်နဲ့ ပွဲစဉ် အပြီးမှာတော့အုပ်စု (B) မှာ ရမှတ် ၄ နဲ့ ဦးဆောင်ထားပြီး နောက်တစ်ဆင့် တက်ဖို့အတွက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ လည်း အမေရိကန်နဲ့ပွဲမှာ နိုင်ပွဲမရခဲ့တာကြောင့် လာမယ့် အင်္ဂါနေ့မှာကစားမယ့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဝေးလ်နဲ့ ပွဲ စဉ်မှာတော့ ဖိအားတွေနဲ့ ကစားရတော့မှာဖြစ်ပါတယ်။
အမေရိကန်နဲ့ပွဲမှာ ပြိုင်ဘက်အသင်း အပေါ် အသာရဖို့အတွက် နည်းပြ ဆောက်ဂိတ်ဟာမန်စီးတီး တောင်ပံ ကစားသမား ဖီးလ်ဖိုဒန်ကို ကစားခိုင်းသင့်တယ်လို့ မန်ယူကစားသမား ဟောင်းတွေဖြစ်ကြတဲ့ ရွိုင်ကိန်းနဲ့ ဂယ်ရီနဗီးလ်တို့က ဆိုပါတယ်။ ‘’ဖိုဒန် ဝင်လာမယ်ဆိုပြီး ကျွန်တော်တို့ကအပြည့်အ၀ မျှော်လင့်ထားခဲ့တာပါ။
ကျွန်တော်တို့ အံ့အားသင့်ခဲ့ကြရတယ်။ကစားကွက်လဲမတည်နိုင် ဖန်တီးမှုလဲမလုပ်နိုင် ပြေးဖို့တစ်ခုလောက်သာသုံးလို့ရတဲ့ မေဆင်မောင့်ကို ဘာလို့တစ်ပွဲလုံးသုံးခဲ့တာလဲ။နည်းစနစ်ပြောင်းလဲဖို့ ဝန်လေးနေတာလား။ သူတို့ခြေကုန် နေပုံ ရတယ်။ သူတို့ ချင့်ချိန်နေပုံလည်း ရတယ်။ တည်ကန်ဘောတွေကနေပြီး ဂိုးရနိုင်တယ်လို့ အဝတ်လဲခန်းထဲမှာဘယ်တုန်းကမှ တွေးခဲ့ပုံမပေါ်ဘူး။ တကယ့်ကိုစုတ်ပြတ်ဆိုး ရွားလွန်းတဲ့ ကစားပုံပါ။
ဒီကစားပုံမျိုးနဲ့ ဖလားရဖို့နေနေသာသာ အုပ်စုတောင် တက်ရင်ကံကောင်း။ ကျွန်တော်တို့ ဒီမှာ တစ်ညလုံး ထိုင်နေပြီး ဆင်ခြေ တွေ ပေးနေနိုင်ပါတယ်။ သူတို့ဟာ တစ်ကမ္ဘာလုံးကို ပတ်သွားနေပြီး မတူကွဲပြားတဲ့အခြေအနေမျိုးတွေမှာ ကစားလေ့ရှိကြပါတယ်။ ဒါကြောင့် မင်းတို့ ကြိုက်တဲ့ဆင်ခြေတွေ ပေးကြပေါ့ကွာ’’ လို့ ရွိုင်ကိန်းက ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဂယ်ရီနဗီးလ်ကလည်း အရန်ခုံတန်းလျားမှာထိုင်နေတဲ့ ဖိုဒန်နဲ့ အာနိုးကို ထည့်ပြီး ကစားခိုင်းသင့်ပြီး ဒါမှတိုက်စစ်ကပိုအသက်ဝင်လာကာသွင်းဂိုးတွေမြင်တွေ့ရမှာပါ။ခုကျတော့ နည်းပြဖြစ်ပြီး လူစားလဲဖို့တွန့်ဆုတ်တွေဝေနေတဲ့ ရလာဒ်ကိုခံစားလိုက်ရကာ နောက်တစ်ဆင့်တက်ဖို့ဖိအားဝင်သွားရတာလို့ဖြစ်တယ်လို့ အဂ်လန်နည်းပြဆောက်ဂိတ်ရဲ့ အရည်သွေးကို မေးခွန်းထုပ်ခဲ့ပါသေးတယ်။
Be the first to comment