နိုင်ငံရေးဝါဒဖြန့်ချိတယ်ဆိုပြီးစွပ်စွဲချက်ဖြင့်အီရန်ထိပ်သီးကစားသမား တစ်ဦးဟာ အီရန်အာဏာပိုင် လုံခြုံရေးတပ်ဖွဲ့ဝင်တို့ရဲ့ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။
အသက်၃၅နှစ်ရှိဗိုရီယာဂါဖူရီဟာကြာသပတေးနေ့တုန်းကသူ့ကလပ် Foolad Khuzestan နှင့်အတူလေ့ကျင့်ခန်းအစီအစဉ်တစ်ခုပြုလုပ်ပြီးချိန်တွင်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။
သူဟာလက်ရွေးစင်အသင်းကိုဂုဏ်သိက္ခာကျဆင်းစေမှု၊နိုင်ငံတော်ကိုဆန့်ကျင်တဲ့ဝါဒဖြန့်ချိမှုတို့ဖြင့်စွဲချက်တင်ခြင်းခံထားရပါတယ်။
အီရန်အာဏာပိုင်တို့ရဲ့မီဒီယာကအသက်၃၅နှစ်ရှိကစားသမားကို နိုင်ငံတော်ကိုဆန့်ကျင်တဲ့ဝါဒဖြန့်ချိမှု၊ဆန္ဒပြသူများကိုအားပေးထောက်ခံမှုတို့ဖြင့်ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်းဖော်ပြသွားပါတယ်။
ဂါဖူရီဟာအီရန်ရဲ့၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အီရန်နှင့်အတူပါဝင်ခဲ့သူဖြစ်ပြီး၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်အီရန်အသင်းတွင်ရွေးချယ်ခြင်းမခံထားရပါဘူး။
သူဟာအစောပိုင်းတုန်းကအီရန်ကလပ် Esteghlalတွင်ကစားခဲ့ပြီးအသင်းခေါင်းဆောင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပေမဲ့စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပြီးနောက် Foolad Khuzestanသို့ပြောင်းခဲ့ပါတယ်။သူဟာအီရန်အစိုးရအားဆန့်ကျင်ဆန္ဒပြသူများကိုအားပေးထောက်ခံမှုနှင့်အတူစာချုပ်ဖျက်သိမ်းခြင်းခံရတာလို့ယူဆရပါတယ်။
အီရန်လက်ရွေးစင်အသင်းဟာလည်းအီရန်နိုင်ငံအတွင်းဖြစ်ပျက်နေတဲ့အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများကိုထောက်ခံတဲ့အနေဖြင့် အင်္ဂလန်နှင့်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင်နိုင်ငံတော်သီချင်းမသီဆိုဘဲသပိတ်မှောက်ခဲ့ကြပါတယ်။
ဒါကြောင့်လည်းအီရန်လက်ရွေးစင်ကစားသမားများဟာလက်ရှိဥပဒေအရ အီရန်နိုင်ငံသို့ပြန်ရောက်ချိန်တွင်သေဒဏ်ချမှတ်ခံရနိုင်တဲ့အနေအထားမျိုးတွင်လည်းရှိနေပါတယ်။
အီရန်နိုင်ငံတွင်စက်တင်ဘာလတုန်းကအသက်၂၂နှစ်အရွယ်ရှိအာမီနီအမည်ရှိကျောင်းသူတစ်ဦးကိုခေါင်းမြီးမခြုံမှုအတွက်ဖမ်းဆီးထိန်းသိမ်းပြီး အချုပ်ခန်းအတွင်းတွင် သတ်လိုက်ပြီးနောက်ဆန္ဒပြသပိတ်မှောက်မှုများဖြစ်ပျက်နေပါတယ်။
အီရန်အာဏာပိုင်တို့ဟာဆန္ဒပြသူ၁၅၀၀၀ကျော်တို့ကိုဖမ်းဆီးထိန်းသိမ်းထားတဲ့အပြင်ရာပေါင်းများစွာတို့ကိုသတ်ဖြတ်ခဲ့ကြပြီးဖြစ်ပါတယ်။
Be the first to comment