နယ်သာလန်ဒုတိယတန်းကလပ် ADO Den Haag သည် ပထမဆုံး ၁၆ ပွဲတွင် ၄ ပွဲသာ အနိုင်ရရှိခဲ့သည့်အတွက် ၎င်းတို့၏နည်းပြဖြစ်သော လီဗာပူးတိုက်စစ်မှူးဟောင်း ကူရစ်ကို နည်းပြခန့်ပြီး ၁၇၆ရက်အကြာတွင် ရာထူးမှထုပ်ပယ်လိုက်ပါတယ်။
အသက် ၄၂ နှစ်အရွယ် ကူရစ် သည် နွေရာသီတွင် နယ်သာလန် ဒုတိယတန်းကလပ်၏ မန်နေဂျာအဖြစ် ခန့်အပ်ခံခဲ့ရပြီး ပထမတန်း Eredivisie ဆီသို့တက်ရောက်နိုင်ရန် မျှော်လင့်ချက်များ ထားရှိခဲ့ကြတာပါ။
ဒါပေမယ့် ပထမ ၁၆ ပွဲမှာ လေးပွဲသာအနိုင်ရပြီးအမှတ်ပေး ဇယားမှာ အဆင့် ၁၇ နေရာမှာ ရပ်တည်နေပါတယ်။
ADO သည် ကမ္ဘာ့ဖလားရှိသည့်အတွက် ပွဲများ ခေတ္တရပ်နားခြင်းကို အခွင့်ကောင်းယူပြီး ဟော်လန်တိုက်စစ်မှူးဟောင်း ကူရစ် ကို ထုတ်ပယ်ခဲ့ပါတယ်။
ကူရစ်သည်နည်းပြဘဝဖြင့် ဆိုးရွားဆုံးရာသီ စတင်ပြီးနောက် စက်တင်ဘာလတွင် လေ့ကျင့်ရေးကွင်း၌ စိတ်ပျက်နေသောပရိသတ်များနှင့်ထိပ်တိုက်တွေ့ဆုံသောကြောင့် ရဲတပ်ဖွဲ့များက လာရောက်ထိမ်းသိမ်းရပါသေးတယ်။
လီဗာပူးအတွက် ၂၈၆ ပွဲမှာ ဂိုး၇၂ သွင်းယူခဲ့တဲ့ ကူရစ် ဟာအသင်း စီမံခန့်ခွဲရေးမှာ အောင်မြင်မှုရဖို့ မျှော်လင့်ခဲ့ပြီး ရှုပ်ထွေးတဲ့ အချိန်တွေကို ခံနိုင်ရည်ရှိခဲ့ပါတယ်။
ရလဒ်ဆိုးများအပြင် နည်းစနစ်မန်နေဂျာ Daryl Janmaat ရာထူးမှ နှုတ်ထွက်ခဲ့ပြီး အဓိက ကစားသမားများဖြစ်သော Thomas Verheydt နှင့် Ricardo Kishna တို့ကလဲ အသင်းပြောင်းဖို့ တောင်းဆိုမှုများပြုလုပ်ခဲ့ကြပါတယ်။
Be the first to comment