အာဂျင်တီးနားကို အံ့အားသင့်ဖွယ်အနိုင်ရခဲ့သည့်ပွဲတွင်ဆော်ဒီလက်ရွေးစင်အသင်းကစားသမား ဘယ်နောက်ခံလူ Yasser Al-Shahrani အသင်းဖော် ဂိုးသမားရဲ့ ဒူးနဲ့ မျက်နှာကို ရိုက်မိပြီးဦးခေါင်းခွံတစ်ဝက်ကွဲသည်အထိဖြစ်ခဲ့တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားကို နှုတ်ဆက်ခဲ့ရပါပြီ။
မနေ့ညနေကကစားခဲ့တဲ့၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အာဂျင်တီးနားနဲ့ဆော်ဒီအာရေးဗီးယားတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာဆော်ဒီအာရေးဗီးယားအသင်းက၂-၁ ဖြင့် အာဂျင်တီးနားအသင်းကို အနိုင်ကစားခဲ့ပြီးတစ်ကမ္ဘာလုံး ရှော့ရသွားခဲ့တာပါ။
ဆော်ဒီလက်ရွေးစင်အသင်းရဲ့ ဘယ်နောက်ခံလူ Yasser Al-Shahrani ဟာ ဂိုးသမား Mohammed Al Owais နဲ့ပွဲချိန်(၉၆)မိနစ်တွင်ဒူးခေါင်းနှင့်မျက်နှာကို ပြင်းပြင်းထန် ထန် ထိမှန်ကာ နေရာမှာပင်လဲကျပြီးသတိလစ်တဲ့ထိဖြစ်ခဲ့ရပါတယ်။
လက်ရှိဆေးအဖွဲ့က အသေးစိတ် ဓာတ်မှန် ရိုက်ပြီးပြီဖြစ်ပြီး ဒဏ်ရာမှာ ဦးခေါင်းခွံ နှင့် နှာခေါင်း ဧရိယာကနေ မေးစေ့ထိပ်အထိ တွေ့ရှိခဲ့ပါတယ်။ လက်ရှိချိန်မှာတော့ ပြင်းထန်သောဒဏ်ရာရကြာင့် သတိမေ့မြောမှု(ကိုးမား) လက္ခဏာများ ဝင်လာနိုင်တယ်လို့လည်းဆရာဝန်တွေကအတည်ပြုထားပါတယ်။
ကနဦးသတင်းရရှိချိန်မှာပဲ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား Mohammed bin Salman က Yasser ကို ကာတာမှ သယ်ယူရန် ကိုယ်ပိုင်လေယာဉ်တစ်စင်း စေလွှတ်ခဲ့သည်။ ဂျာမနီမှာ ခွဲစိတ်ကုသမှု ခ ချက်ခြင်း ခံယူရပါတယ်။အသက် ၃၀ အရွယ်ဘယ်နောက်ခံလူ
YasserAl Shahraniသည်ယခုတစ်ကြိမ်ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်ပါဝင်ကစားခွင့်ဆုံးရှုံးသွားဖို့သေချာနေပြီးနောက် ထပ်၆ လကြာဆေးကုသမှုခံယူရမည်ဖြစ်ပါသည်။ ဒါပေ မယ့်လည်းဦးခေါင်းဒဏ်ရာပြင်းထန်နိုင်တာကြောင့်ကစားသ မားဘဝကပါအနားယူရဖွယ်ရှိနေပါတယ်။
ဆော်ဒီအာရေးဗီးယားသည်နိုဝင်ဘာ ၂၆ ရက် ည ၇:၃၀ နာရီတွင် ပိုလန်နှင့် တွေ့ဆုံမည်ဖြစ်သည်။ လက်ရှိအုပ်မှာဦးဆောင်နေနိုင်တာကြောင့်လာမယ့်ပိုလန်နဲ့ပွဲမှာလည်း အာရှဂုဏ်ဆောင် ဆော်ဒီအာရေးဗျ ကိုဆက်လက်အားပေးကြပါစို့။
Be the first to comment