နယူးကာဆယ်အသင်းသည် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခရစ္စတီယာနိုရော်နယ်ဒိုအား ရရှိနိုင်သည့် ဖြစ်နိုင်ခြေရှိသောအသင်း အဖြစ် သတ်မှတ်ခံထားရသော်လည်း ငှက်ကျားများက ဝါရင့်တိုက်စစ်မှူးအား ခေါ်ယူရန် စိတ်ဝင်စားခြင်းမရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
စီရော်နယ်ဒိုဟာ အင်္ဂါနေ့က နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုပြီးနောက် မန်ယူအသင်းကနေ ထွက်ခွာခဲ့ပြီး အသင်းသစ်ရှာဖွေဖို့ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။
ဘောလုံးသမိုင်း တစ်လျှောက် အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်ခဲ့သော်လည်း အသက် ၃၇ နှစ်အရွယ် ကစားသမား၏ ရွေးချယ်မှုများမှာ အထူးများပြားနေပုံမပေါ်ဘဲ ကလပ်အသင်းများကလည်း ၎င်းအားအရခေါ်ရန် တိကျရေရာပုံမပေါ်သေးပေ။
ချယ်ဆီးအသင်းက ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားမှု မရှိဘူးလို့ Telegraph က ဖော်ပြခဲ့ပြီး အခု ESPN ကလည်း နယူးကာဆယ်က စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။
နှစ်သင်းစလုံးသည် ရော်နယ်ဒို၏နောက်ထပ်ကလပ်အသင်းဖြစ်လာရန်ရေပန်းစားနေသော်လည်း လက်တွေ့တွင် အထင်နဲ့အမြင် ထပ်တူမကျခဲ့ပေ။
အသင်းဟောင်း စပို့တင်းလစ္စဘွန်းကလဲ ရော်နယ်ဒိုအား ခေါ်ယူရန် ဖြစ်နိုင်ခြေရှိနေဆဲဖြစ်ပြီး ဝါရင့်ကစားသမားသည် ရီးရဲကစားဖော်ဟောင်း ဂါရတ်ဘေးရှိရာ မေဂျာလိဂ်ဘောလုံးအသင်းသို့ ပြောင်းရွှေ့ရန်အတွက် အမေရိကန်ကလပ်များ သို့ ချိတ်ဆက်မှုများလဲရှိနေခဲ့ပါတယ်။
ရော်နယ်ဒိုဟာ နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာဖို့ ကြိုးစားနေခဲ့ပေမယ့် သူ့ရဲ့ များပြားလှတဲ့ လုပ်ခလစာကြောင့် နှစ်တွေကြာလာတာနဲ့အမျှ သူ့ကို ခေါ်ယူဖို့ ဥရောပ ဘယ်အသင်းမှ စိတ်ဝင်စားခြင်းမရှိခဲ့ပါဘူး။
ရီးယဲလ်စူပါစတားဟောင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀၀ ရရှိနေပြီး နစ်နာကြေး ပေးချေမှုမရရှိပဲ စာချုပ်ကို စွန့်လွှတ်ထားပေမယ့် စျေးတော့ပေါမှာမဟုတ်ပါဘူး။
ဆော်ဒီအာရေးဗီးယားရှိ အမည်မဖော်လိုသည့်အသင်းတစ်သင်းသည် နွေရာသီတွင် ရော်နယ်ဒိုအား တစ်ပတ်လုပ်ခ ပေါင် ၂ သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသောကြောင့် ပယ်ချခဲ့တာပါ။ အရှေ့အလယ်ပိုင်းကလည်း သူ့ကို စိတ်ဝင်စားမှု ရှိနေပြီး သူ့ရဲ့ စိတ်အားထက်သန်မှုတွေက သူ ဘယ်လောက် လက်ခံနိုင်လဲ ဆိုတာကို စမ်းသပ်ပါလိမ့်မယ်။
Be the first to comment