ကလပ်ကိုရောင်းချရန်စဉ်းစားသွားမည်ဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက်ပိုင်ရှင် ဂလေဇာမိသားစုကဖွင့်ဟ လာကြပြီဖြစ်ပါတယ်။
အမေရိကန်ပိုင်ရှင်များဟာ၂၀၀၅ခုနှစ်တုန်းကအိုးထရက်ဖို့ဒ်ကလပ်ကိုပေါင်သန်း၇၉၀(ဒေါ်လာ၁.၃၄ဘီလီယံ)ဖြင့်ဝယ်ယူလာခဲ့ကြတာဖြစ်ပါတယ်။
ယူနိုက်တက်ပရိသတ်များဟာဂလေဇာကိုဆန့်ကျင်ကာကလပ်ကိုရောင်းချရေးအတွက်နှစ်ပေါင်းများစွာဆန္ဒပြသပိတ်မှောက်မှုများပြုလုပ်လာခဲ့ကြပါတယ်။
ယခုအခါမှာတော့ဂလေဇာမိသားစုကကလပ်ကိုရေရှည်အောင်မြင်မှုရယူနိုင်ရေးအတွက် ကလပ်တွင်ရင်းနှီးမြှပ်နှံမှုလက်ခံခြင်း(သို့မဟုတ်)ကလပ်ကိုရောင်းချခြင်းတို့ပြုလုပ်လာတော့မှာဖြစ်ကြောင်းကြေညာလာခဲ့ပြီဖြစ်ပါတယ်။
ဂလေဇာမိသားစုဟာယူနိုက်တက်အပြင်၁၉၉၅ခုနှစ်ကတည်းက NFL ကလ ပ် Tampa Bay Buccaneers ကိုပိုင်ဆိုင်လာတဲ့အပြင်၂၀၂၁ခုနှစ်တုန်းကလည်းUnited Arab Emirates Twenty20 ခရစ်ကတ်လိဂ်အသင်းတစ်သင်းဝယ်ယူခဲ့ပါတယ်။
ပြီးခဲ့တဲ့မေလတုန်းကချဲလ်ဆီးကိုပေါင်၄.၂၅ဘီလီယံဖြင့်ရောင်းချမှုအားလုပ်ဆောင်ခဲ့တဲ့ အမေရိကန်ရင်းနှီးမြှပ်နှံရေးကုမ္ပဏီ Raine Group ဟာ ယူနိုက်တက်ရဲ့ဘဏ္ဍာရေးဆိုင်ရာအမှုဆောင်အကြံပေးအဖြစ်ဆောင်ရွက်နေပြီးယူနိုက်တက်တွင်ရင်းနှီးမြှပ်နှံသူကိုရှာဖွေပေးလာဖို့ရှိနေပါတယ်။
ဒါပေမဲ့မီဒီယာများရဲ့ဖော်ပြချက်အရဂလေဇာမိသားစုဟာယူနိုက်တက်ကိုရောင်းချရမည်ဆိုပါကလည်းပေါင်၉ဘီလီယံအထိတောင်းလာဖို့ရှိပါတယ်။တကယ်လို့များယင်းပမာဏဖြင့်သာဂလေဇာမိသားစုရောင်းချနိုင်ပါက ကမ္ဘာ့တန်ဖိုးအကြီးဆုံးအားကစားကလပ်ဖြစ်လာပါမယ်။
မန်ချက်စတာယူနိုက်တက် ပရိတ်သတ်တွေရဲ့ ဆန္ဒပြည့်ဝလာဖို့ ရှမရှိ တော့ အချိန်တစ်ခုထိစောင့်ကြည့်ရပါအုန်းမယ်။
Be the first to comment