အင်္ဂလန်လက်ရွေးစင် အသင်းရဲ့ဗဟိုနောက်တန်းကစာသမား ဟယ်ရီမက်ဂွိုင်းဟားကဟာ အီရန်အသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် အဖျားဝေဒနာကြောင့် ပွဲကစားချိန် ၇၁မိနစ်အရောက် အင်္ဂလန်အသင်းက အီရန်အသင်း ကို ၄ဂိုး – ၁ဂိုးရလဒ်ဖြင့် အနိုင်ရနေချိန်မှာပဲ နည်းပြဆောက်ဂိတ်က အခြား နောက်တန်း ကစားသမားတစ်ဦးဖြစ်တဲ့စပါးအသင်းက အဲရစ်ဒိုင်ယာနဲ့ လူစားလဲလှယ်ခဲ့ရတာပဲ ဖြစ်ပါတယ်။
ဟယ်ရီမက်ဂွိုင်းယားက ကစားချိန် တစ်လျှောက်မှာတောက်လျှောက် ခြေစွမ်းပြ ကစားပေးနိုင်ခဲ့ပေမဲ့ အဖျားဝေဒနာကြောင့် ပွဲကို ဆက်လက်ကစားနိုင်ခြင်းမရှိတော့တာ ဖြစ်ပြီး ပွဲကစားချိန် ၄၅မိနစ်မှာ ဆာကာ သွင်းယူခဲ့တဲ့ သွင်းဂိုးကိုလည်း လုခ်ရှော ကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်ဖန်တီးပေးပြီး ဂိုးဖန်တီးမှု တစ်ကြိမ်ပါ ပြုလုပ်နိုင်ခဲ့ပြီး ကိုယ်တိုင်လဲ တစ်ဂိုးရဖို့နီးစပ်ခဲ့ကာ ဂိုးဘားတန်းနှင့်ထိသွားလို့သာဂိုး မဝင်ခဲ့တာပါ။
အဆိုပါ အင်္ဂလန်အသင်းရဲ့ အီရန်အသင်းကို ၆ဂိုး – ၂ဂိုး ဖြင့် အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း အင်္ဂလန်အသင်းအတွက် သွင်းဂိုးတွေကို ဂယ်လင်ဂမ် (၃၅မိနစ်)၊ ဆာကာ (၄၅မိနစ်၊ ၆၂မိနစ်)၊ စတာလင် (၄၅ + ၃ မိနစ်)၊ ရက်ရှ်ဖို့ဒ် (၇၁မိနစ်) နဲ့ ဂရီးလစ်ချ် (၉၀မိနစ်) တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး အီရန်အသင်းအတွက် ချေပဂိုး ၂ဂိုးကိုတော့ အဓိက တိုက်စစ်မှုး တာရီမီတစ်ဦးတည်းမှ ပွဲကစားချိန် ၆၅မိနစ် နဲ့ ၉၀ + ၁၅ မိနစ် တို့မှာ သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။
ပွဲကစားချိန်အတွင်း ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမဲ့ မက်ဂွာရီကို လူစားလဲခဲ့မှုအပေါ် နည်းပြ ဆောက်ဂိတ်က“ဟယ်ရီက အီရန်အသင်းရဲ့ ပထမသွင်းယူခဲ့တဲ့ ချေပဂိုးကို ခွင့်ပြုမပေးလိုက်ရခင်ကတည်းက နေမကောင်းဖြစ်နေတဲ့ အကြောင်း အသိပေးခဲ့ပါတယ်။ တစ်ခြား ဒဏ်ရာ ပြဿနာ ရယ်လို့တော့ မရှိပါဘူး”လို့ထုတ်ဖော် ပြောဆိုထားခဲ့သလို မက်ဂွာရီ ကိုယ်တိုင်ကလည်း“ကျွန်တော် ဒီနေ့ပွဲမှာ ဖျားနေခဲ့တာကြောင့် သောကြာနေ့ပွဲမှာ အားအင်ပြည့်ဖြစ်နေရန်အတွက် ဒုတိယပိုင်း ပွဲကစားချိန်အရောက်မှာတော့ ကွင်းပြင်ထွက်ကာ အနားယူလိုက်ဖို့ ရွေးချယ် ဖြစ်ခဲ့တာပါ” လို့အတည်ပြု ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။နောက်လာမဲ့ပွဲတွေမှာလည်း ဝေဖန်ကဲ့ရဲ့သံတွေတိတ်အောင် ခြေစွမ်းပြသွားမလား စောင့်ကြည့်ရပါမယ်။
Be the first to comment