လက်ရှိ၂၀၂၂ကာတာမှာကျင်းပနေတဲ့ကမ္ဘာ့ဖလားအပါအဝင် ၄ နှစ်အတွင်း ကြော်ငြာတွေကနေ ဒေါ်လာ ၇.၅ ဘီလီယံလောက် စံချိန်တင်ရရှိခဲ့ကြောင်း ဖီဖာတာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။
ဖီဖာက တနင်္ဂနွေနေ့တုန်းက အဖွဲ့ဝင်ပေါင်း ၂၀၀ ကျော်ကနေ ရရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲ့တာက ယခင် ၂၀၁၈ ရုရှားကမ္ဘာ့ဖလားဆီကနေ ဒေါ်လာ ၁ ဘီလီယံလောက်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ကမ္ဘာ့ဖလားကျင်းပတဲ့နိုင်ငံက အဓိကကြော်ငြာတွေဆီကနေ အပိုဝင်ငွေလည်းရခဲ့တယ်လို့ ဆိုပါတယ်။ ကာတာစွမ်းအင်က ထိပ်တန်းစပွန်ဆာအဖြစ် ရပ်တည်နေပြီး တတိယစပွန်ဆာက ကာတာ QNB ဘဏ် နဲ့ အော်ရီဒူးတို့ ပါဝင်နေပါတယ်။ ဒုတိယစပွန်ဆာကို Crypto.com နဲ့ blockchain ဆီကနေ ရရှိခဲ့တယ်လို့ ဖီဖာက ပြောပါတယ်။ ရုပ်သံထုတ်လွှင့်သူတွေဆီကနေလည်း စပွန်ဆာဝင်ငွေတွေရရှိခဲ့သေးတာဖြစ်ပါတယ်။
ကိုဗစ်ပြဿနာရှိခဲ့ပေမယ့်လည်း ဖီဖာရဲ့အမြတ်ငွေဟာ ဒေါ်လာ ၂.၅ ဘီလီယံရှိခဲ့တာဖြစ်ပြီး ၂၀၂၀ တုန်းက အဖွဲ့ဝင်တွေကို ငွေသားကူညီဖို့ လုပ်ဆောင်ခဲ့သေးတာဖြစ်ပါတယ်။ လာမယ့် ၄ နှစ်မှာ အမြတ်ငွေက ဒေါ်လာ ၁၀ ဘီလီယံလောက်ဖြစ်လာဖွယ်ရှိနေပြီး အမျိုးသမီးဘောလုံး နဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကနေ ရယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။အဲ့ဒီအချိန်မှာတော့ ဘီယာအလွယ်တကူဝယ်ယူ သောက်သုံးခွင့်ရရှိခဲ့မယ်ဆိုရင်တော့ အမြတ်ငွေ ပိုတိုး လာဖွယ်လဲ ရှိနေပါတယ်။
Be the first to comment