ဘီယာရောင်းချခွင့်ပိတ်ပင်ခံရမှုကြောင့်ဖီဖာထံမှလျော်ကြေးငွေပြန်ရဖွယ်ရှိတဲ့ Budwiserဘီယာကုမ္ပဏီ

ကာတာကမ္ဘာ့ဖလားကျင်းပရေးကော်မတီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမဲ့ကွင်း၈ကွင်းတွင်ဘီယာရောင်းချခွင့် ပေးသွားမယ်လို့ အစောပိုင်းတုန်း ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ရန်၄၈နာရီအလိုမှာတော့ကာတာအာဏာပိုင်တို့ဟာစိတ်ပြောင်းကာဘီယာရောင်းချမှုကိုရပ်ဆိုင်းခဲ့ပါတယ်။

အမေရိကန်ဘီယာကုမ္ပဏီ Budweiser ဟာကမ္ဘာ့ဖလားရဲ့တရားဝင်စပွန်ဆာများထဲမှတစ်ခုဖြစ်ပြီးကာတာရဲ့ကွင်းများနှင့် Fan Zone တို့တွင်ဘီယာရောင်းချခွင့်ရရှိထားပါတယ်။

ယခုကဲ့သို့ကာတာဘက်မှ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘီယာရောင်းချမှုပိတ်ပင်လာမှုနှင့်အတူဖီဖာဟာ Budweiser ကိုနစ်နာကြေးပေါင်သန်း၄၀အထိပေးလာရဖို့ရှိနေပါတယ်။

Budweiser ဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဖီဖာနှင့်ပေါင်၆၅သန်းဝန်းကျင်တန်ဖိုးရှိစာချုပ်ချုပ်ဆိုထားပါတယ်။

ဒါ့အပြင်Budweiser ဟာလာမယ့်၂၀၂၆ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လည်းပေါင်၉၅သန်းတန်စာချုပ်ချုပ်ဆိုထားပါသေးတယ်။

Budweiser ဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်နစ်နာရမှုများအတွက်လာမယ့်၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အခွင့်အရေးပိုတောင်းကာရောင်းချခွင့်ပိုမိုပေးရေးလုပ်ဆောင်လာဖို့လည်းရှိပါတယ်။

ကာတာကမ္ဘာ့ဖလားအဖွင့်ပွဲအဖြစ်မနေ့တုန်းကအိမ်ရှင်ကာတာနှင့်အီကွေဒေါတို့ကစားတဲ့ပွဲစဉ်တွင်အီကွေဒေါပရိသတ်များဟာ We Want Beer လို့သံပြိုင်အော်ဟစ်ခဲ့ကြတာပါ။

ဘီယာမပါပဲ ဘောလုံးပွဲကြည့်ရတာ ဆားမပါတဲ့ဟင်းနဲ့ ထမင်းစားရ သလို ပေါ့ပျက်ပျက်နိုင်လွန်းပြီး feel ငုတ်လွန်းလှပါတယ်။

 

Be the first to comment

Leave a comment

Your email address will not be published.


*