အကောင်းဆုံးအေးဂျင့်ဆုရသွားတဲ့ရော်နယ်ဒိုရဲ့စူပါအေးဂျင့်

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမှာကျင်းပတဲ့ Globe Soccer Award ဆုပေးပွဲမှာ အကောင်းဆုံးအေဂျင့်ဆုကို အနာဂါတ်မသေချာ မရေရာနေမှုများစွာ ဖြစ်ပွားနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ စူပါအေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်စံချိန်တင် ၁၀ နှစ်ဆက်အဖြစ် ရရှိသွားခဲ့ပါတယ်။

မန်ဒက်စ်အနေနဲ့ ဒီဆုကိုစံချိန်တင်ရခဲ့လို့ ဂုဏ်ယူနေမှာ ဖြစ်ပေမယ့် တစ်ဖက်မှာလည်းသူအတွက် အကြီးလေးဆုံးတာဝန်ကို ထမ်းဆောင်ပေးရတော့မှာပါ။

 

အဲဒါကတော့ သူတာဝန်ယူထားတဲ့ကစားသမားတွေထဲမှာနာမည်အကြီးဆုံးဖြစ်တဲ့ ရော်နယ်ဒိုအတွက် အဆင်ပြေချောမွေ့စွာနဲ့အသင်းသစ်ရှာပေးနိုင်ဖို့ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နွေရာသီကတည်းကမန်ဒက်စ်ဟာ မြင့်မားတဲ့လုပ်ခလစာလည်းရ၊ ချန်ပီယံလိဂ်လည်းကန်ခွင့်ရမယ့်အသင်းမျိုး ရော်နယ်ဒိုအတွက် ရှာပေးခဲ့ရတာပါ။

 

ဒါပေပဲ့ ပေါင် ၃၀၅ သန်းနဲ့ ကမ်းလှမ်းလာတဲ့ ဆော်ဒီကလပ်ကလွဲရင်ဘယ်အသင်းကမှ ပေါ်တူဂီအသင်းခေါင်းဆောင်ကို လိုလိုလားလားမရှိခဲ့ကြပါဘူး။

 

အခုတော့ နောက်ဆုံးအင်တာဗျူးကြောင့် ရော်နယ်ဒိုဟာမန်ယူကထွက်ဖို့ သေချာသလောက်ဖြစ်သွားတာပါ။လောလောဆယ် ရော်နယ်ဒိုနဲ့ သတင်းထွက်နေတာကတော့ဒေးဗစ်ဘက်ခမ်းပူးတွဲပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ်အင်တာမီယာမီဖြစ်ပါတယ်။

ဒူဘိုင်းက Globe Soccer ဆုပေးပွဲမှာ အကောင်းဆုံးကစားသမားဆုကို Ballon d’Or ဆုရှင်ဘင်ဇီမာက ရသွားခဲ့ပြီး အန်စလော့တီနဲ့ရီးရဲလ်တို့ကတော့ အကောင်းဆုံးနည်းပြဆုနဲ့ ကလပ်ဆုတို့ကို ရခဲ့တာပါ။

ရီးရဲလ်နောက်ခံလူဟောင်းရာမို့စ်က သမိုင်းတစ်လျှောက်အကောင်းဆုံးနောက်ခံလူဆုရခဲ့ပြီး ရွန်နီနဲ့ အီဘရာဟီမိုဗစ်တို့ကတော့အကောင်းဆုံးကစားသမားဘဝဆုကို ရခဲ့ကြပါတယ်။

ဂျော့မန်ဒက်စ်အနေနဲ့ သူ့ရဲ့အကောင်းဆုံးအေးဂျင့် အရည်ချင်းကို ထုတ်သုံးပြီး ရော်နယ်ဒိုကိုဘယ်အသင်းရောက်အောင် စွမ်းဆောင်ပြ မလဲဆိုတာကတော့ စိတ်ဝင်စားစွာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

 

Be the first to comment

Leave a comment

Your email address will not be published.


*