ရော်နယ်ဒိုအားစာချုပ်ဖျက်သိမ်းရန်စီစဥ်နေပြီးအသင်းသို့ပြန်မလာရန်ညွှန်ကြားလိုက်တဲ့ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ်စတီယာနို ရော်နယ်ဒိုကို ထုတ်ပယ်ဖို့ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ကမ္ဘာ့ဖလားအပြီးမှာ ကလပ်ကို မပြန်ဖို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိရော်နယ်ဒိုဟာ အဲရစ်တန်ဟက်၊ ဂလေဇာမိသားစုနှင့် ကလပ်၏ငယ်ရွယ်သော ကစားသမားများ၏ သဘောထားကို ယခုသီတင်းပတ်တွင် ပီယာစ်မော်ဂန်နှင့် ကျယ်ကျယ်ပြန့်ပြန့် အင်တာဗျူးအပြီးတွင် ယူနိုက်တက်ကရော်နယ်ဒိုကို ဒေါသထွက်နေခဲ့တာပါ။

ယခုတစ်ပတ် TalkTV နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ရော်နယ်ဒိုသည် ၎င်း၏စာချုပ်ကို ဖျက်သိမ်းရန် ကလပ်အသင်းမှ လုပ်ဆောင်နေသောကြောင့် ရော်နယ်ဒိုသည် ယူနိုက်တက်အတွက် ၎င်း၏နောက်ဆုံးအချိန် သို့ ရောက်နေပြီဟု ဆိုလိုခြင်းဖြစ်သည်။

MailOnline ရဲ့ အဆိုအရ ယူနိုက်တက်ရဲ့ရှေ့နေတွေက ရော်နယ်ဒိုရဲ့ လုပ်ရပ်ဟာ တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀၀ ကျော်လွန်နေပြီး ခုနစ်လကျန်နေသေးတဲ့ သူ့ရဲ့ စာချုပ်ကို ဖောက်ဖျက်တယ်လို့ ယူဆဖို့ လုံလောက်တယ်လို့ ယုံကြည်နေပါတယ်။

ယူနိုက်တက်က ရော်နယ်ဒိုရဲ့ စာချုပ်ကို အောင်မြင်စွာ ရပ်စဲနိုင်ခဲ့ရင် အသင်းက ပေါင် ၁၆ သန်းလောက် သက်သာသွားမှာပါ။

တစ်ချိန်တည်းမှာပင် ကာတာတွင် ပေါ်တူဂီကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးပြီးနောက် ရော်နယ်ဒိုသည် ကလပ်၏လေ့ကျင့်ရေးကွင်းသို့ ပြန်မလာရန် ယူနိုက်တက်အား ညွှန်ကြားထားပြီးဖြစ်ကြောင်း The Guardian သတင်းစာကဖော်ပြထားပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*