ကျင်းပလာတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ယခုနှစ်လောက်ပြဿနာပေါင်းသောင်းခြောက်ထောင်ရှုပ်တာ တစ်ကြိမ်မှမကြားခဲ့ဖူးပါဘူး။ယခုလဲကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ရက်ကပ်လာတဲ့ ချိန်ကျမှ အိမ်ရှင် နိုင်ငံဖြစ်တဲ့ ကာတာဟာ ဘောလုံးကွင်းတွေအတွင်းမှာ ဘီယာ ရောင်းချခွင့် နဲ့ပတ်သက်တဲ့စည်းကမ်းချက်တွေကို ပြုပြင်ပြောင်းလဲပေးဖို့ ဖိအားပေး တောင်းဆိုခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အပြီးသတ် ဆုံးဖြတ်ချက်ကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာဖို့ ရှိနေပြီးပရိသတ်တွေဟာ ကွင်း အတွင်းကို အဖျော်ယမကာနဲ့ ဘီယာ တွေကို ယူဆောင်ခွင့် ရတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါ့အပြင်အခုလို ဖိအားပေးမှုကြောင့် ဖီဖာရဲ့ အဓိကစပွန်ဆာတစ်ခုဖြစ်တဲ့ Budweiser ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပ မယ့် ကွင်းကြီး ၈ ကွင်းစလုံးမှာ ရောင်းချခွင့် မရနိုင်လောက်တော့ဘူးလို့ သ တင်းထွက်လာပြီး ဒါဟာဖီဖာနဲ့ ကုမ္ပဏီအကြား နှစ်ဖက်အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုအပေါ်မှာ ဒေါ်လာသန်းနဲ့ ချီပြီး ထိခိုက်နစ်နာစေလိမ့်မှာ ဖြစ် တယ်လို့ သိရပါတယ်။
လက်ရှိ ကြားသိရတဲ့သတင်းတွေအရဆိုရင်တော့ ဘောလုံးပွဲ လာကြည့်တဲ့ ပရိသတ်တွေအတွက် ဘီယာတွေ ဝယ်လို့ရနိုင်တဲ့ နေရာက အနည်းအကျဉ်းသာရှိနေပြီး အဲဒါကတော့ ပရိသတ်တွေအတွက်သတ်မှတ်ပေးထားတဲ့ စုရပ်တွေနဲ့ ပရိသတ် ဇုန်တွေပဲ ဖြစ်ပါတယ်။
အားကစားကွင်းတွေ အတွင်းမှာ ဘီယာတွေ အလွယ်တကူ ဝယ်ယူရရှိခွင့်အပေါ် ပြန် လည်ပြီး သုံးသပ်စဉ်းစားပေးဖို့အတွက်
ကာတာ သက်ဆိုင်ရာ တာဝန်ရှိသူ တွေက ဖီဖာရဲ့ ပြိုင်ပွဲကျင်းပရေး ကော်မတီအပေါ် အနီးကပ် ဖိအားပေးလာ တာဖြစ်ပြီး မရမက တောင်းဆိုသွားဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။
တစ်ဖက်မှာတော့ ဖီဖာနဲ့ စပွန်ဆာ ကုမ္ပဏီတွေကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ် တွေနဲ့ ကတိကဝတ်တွေဟာ ချက်ချင်း ပြောင်းလဲပစ်လို့ မရနိုင်တာကြောင့် မလိုလားအပ်တဲ့အဆင်မပြေမှုတွေနဲ့ ရှုပ်ထွေးမှုတွေ ဖြစ်လာဖို့ ရှိနေပါတယ်။
အခုလိုမျိုး အနားကပ်မှ ဖိအားပေး တောင်းဆိုတာမျိုးဟာ ကာတာနိုင်ငံရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကိုထင်သာမြင်သာ ရှိလာစေပြီး သူတို့အနေနဲ့ လည်း ဘေးကျပ်နံကျပ် အခြေအနေမျိုးကို ရင်ဆိုင်နေရတဲ့ သဘောကို ပြသနေပါတယ်။
ကာတာဟာ ခြောက်သွေ့ ပူပြင်းတဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့် ဘီယာလို အဖျော်ယမကာ ပစ္စည်းမျိုးကို ဟိုတယ်တွေမှာတော့ လွယ်လွယ်ကူကူ ဝယ်ယူခွင့် ပေးထားတာမျိုးတော့ ရှိပါတယ်။
ဘီယာနဲ့ဘောလုံးပွဲဆို လိုက်ဖက်ညီစွာ ရှိနေခဲ့တာကြောင့် ဘီယာလေး သောက်ရင်းဘောလုံးပွဲကြည့်ရတဲ့ အရသာက လောကစည်းစိမ်ပါပဲ။
Be the first to comment