❝ ၂၀၂၂ ခုနှစ် ၊ ကာတာ မှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဖွင့်ပွဲ အခမ်းအနားမှာ ရှကီရာ ဟာ ပုဂ္ဂိုလ်ရေး ကိစ္စကြောင့် လာရောက် ဖျော်ဖြေမှာမဟုတ်ပါဘူးလို့ Pop Base Official Media ကနေ သတိပေးထားပါတယ် ❞
Jeon Jungkook fan pg အနေနဲ့ ကိုယ့် အနုပညာရှင် နဲ့ မသက်ဆိုင်တဲ့ ကိစ္စမို့ အစက လျစ်လျူရှု ခဲ့ပေမယ့် မနေ့က pg မှာ အရင်က တင်ခဲ့တဲ့ FIFA post အကြောင်း ပို့စ်အောက်မှာ Jungkook ကို နာမည် တပ်ပြီး ဝေဖန်ပြောဆိုထားကြတာတွေ့လို့ အခုလို တင်ရခြင်းဖြစ်ကြောင်း အရင်အသိပေးချင်ပါတယ်
၂၀၂၂ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ကို ကာတာ မှာ ကျင်းပပြုလုပ်သွားမယ်ဆိုတာ အားလုံးသိပြီးသားကိစ္စပါ ဒါပေမယ့် မနေ့က တစ်ချို့သော pg တွေက ရှကီရာ ဟာ ဒီနှစ်ကမ္ဘာ့ဖလားမှာ Waka Waka ( This Time For Africa ) သီချင်းနဲ့ လာရောက်ဖျော်ဖြေမယ်ဆိုပြီး သတင်းအမှားတွေ ဖြန့်ဝေထားကြတာတွေ့ရပါတယ်
အရင်ဦးဆုံးအနေနဲ့ Waka Waka ( This Time For Africa ) သီချင်းဟာ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလား သီချင်းတစ်ပုဒ်ပါ ။ ၂၀၁၀ ခုနှစ် ၊ ကမ္ဘာ့ဖလားကို တောင်အာဖရိက မှာ ကျင်းပခဲ့ပါတယ် ။ အဲ့ဒီတော့ ဒီက လူတွေအနေနဲ့ကလည်း ကာတာ မှာ ကျင်းပမယ့် ဒီနှစ် ကမ္ဘာ့ဖလားမှာ ရှကီရာ က Waka Waka ( This Time For Africa ) လာဆိုမယ်ဆိုတာ ဖြစ်နိုင်၏ ၊ မဖြစ်နိုင်၏ ကို သေချာလေး စဥ်းစားပြီးမှာ ဝေဖန်စေချင်ပါတယ် ။ ရှကီရာ အနေနဲ့ လာရောက်ဖျော်ဖြေခဲ့မယ်ဆိုရင်တောင်မှ Jeon Jungkook နဲ့လည်း ဘာမှ မသက်ဆိုင်တဲ့ ကိစ္စမို့ တစ်ဖက် အနုပညာရှင် အပေါ်ကို အမုန်းဝါဒီ နဲ့ ပြောဆိုဝေဖန်တာတွေ ရှောင်ပေးစေချင်ပါတယ်
နောက်ပြီး Jeon Jungkook ကလည်း ဖီဖာ ဘက်က တာဝန်ရှိတဲ့ အမှုဆောင်တွေ ကိုယ်တိုင် ဖိတ်ကြားလို့သာ လာရောက်ဖျော်ဖြေမှာပါ ။ Jeon Jungkook က ကမ္ဘာ့ဖလားမှာ ဘောလုံးသွားကန်မှာမဟုတ်ပါဘူး ဒီနယ်ပယ်ဟာ သူနဲ့သက်ဆိုင်တဲ့ နယ်ပယ်လည်း မဟုတ်ပါဘူး ။ သူ့ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ဂီတပညာရှင် အလုပ်ကို သူ့ဘာသာသူ လုပ်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ် ။ အဲ့ဒီတော့ ဒီက ဘောလုံးဝါသနာရှင် ပရိတ်သတ်တွေအနေနဲ့ကလည်း ကိုယ်စိတ်ဝင်စားတဲ့ အရာအပေါ်ကိုပဲ အာရုံစိုက် လုပ်ပေးကြပါ ။ Jeon Jungkook ပရိတ်သတ်တွေကလည်း Jeon Jungkook ရဲ့ ဖျော်ဖြေတင်ဆက်မှု ကိုပဲ စောင့်မျှော် အားပေးကြမှာမို့ အခုကတည်းက ဟိုဖက် နဲ့ ဒီဖက် ကိုယ့်အကန့်နဲ့ကို နေရင် အားလုံး အဆင်ပြေနေမယ့်ကိစ္စပါ ။ ဒီလိုဖြစ်လာဖို့ပဲ မျှော်လင့်ပါတယ်။
Be the first to comment