အက်စတွန်ဗီလာ တိုက်စစ်မှူးဟောင်းဂျွန်ကာရူးဟာ နော်ဝေးနိုင်ငံ၊ အော်စလိုတရားရုံးမှာ သူ့ရဲ့ဝင်ငွေနဲ့ပတ်သတ်လို့ လိမ်လည်ပြီး ထိန် ချန်ထွက်ဆိုခဲ့တာကြောင့် အခွန်တိမ်းရှောင်မှုနဲ့ ထောင်ဒဏ် ၁၄လချမှတ်ခံလိုက်ရပါတယ်။ ဒါ့အပြင်ဇာတိမြေဖြစ်တဲ့ နော်ဝေးမှာ ဝင်ငွေ ပေါင် ၄၅၆၂၆၄ အထိကို အခွန်တိမ်းရှောင်ခဲ့တဲ့ ဂျွန်ကာရူးကို ပေါင် ၄၅၃၅၃ အထိ ဒဏ်ငွေချမှတ်ခဲ့ပါတယ်။
တကယ်လို့ ဂျွန်ကာရူးဘက်က ရည်ရွယ်ချက်ရှိရှိကျူးလွန်ခဲ့ကြောင်းတွေ့ရှိခဲ့ရင်တော့ ပြစ်ဒဏ်ကိုနှစ်ဆတိုးသတ်မှတ်ဖို့ရှိနေတာဖြစ်တယ်။ ဂျွန်ကာရူးကိုယ်တိုင်က ယခင်စွဲချက်နဲ့ပတ်သတ်လို့
ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီးတဲ့နောက် တရားခံရှေ့နေက ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာမဟုတ်ဘူးလို့ ဖြောင့်ချက်ပေးထားတာဖြစ်တယ်။ နော်ဝေသတင်းစာ e24 နဲ့တွေ့ဆုံမှုမှာတော့
အသက် ၄၁နှစ် အရွယ်ရှေ့နေအန်ဒါဆန်က “အရေအတွက်တွေအားလုံးကို ယုံကြည်လို့ရတဲ့အခြေအနေအထိ ဂျွန်ကာရူးကပြသလိုက်တာပါ။
တရားရုံးဘက်ကတော့ သူဟာပေါ့ဆလွန်းခဲ့တယ်လို့
ယူဆခဲ့ပေမဲ့ ရည်ရွယ်ချက်မရှိဘူးလို့ ကောက်ချက်ချထားပါတယ်။ ရုံးချိန်းတစ်လျှောက်လုံးမှာ ကျွန်တော်တို့ဘက်က ဒါကိုတောင်းဆိုခဲ့ပြီး ဂျွန်ကာရူးကလည်းသူပြုပြင်သွားမယ်လို့ရှင်းလင်းခဲ့ပြီးသားပါ”လို့ဆိုထားပါတယ်။
ဂျွန်ကာရူးကတော့ သူ့အနေနဲ့ သူငယ်ချင်းလိုခင်ရတဲ့အေးဂျင့် ပါဖလော့ဒ် ရဲ့ညံ့ဖျင်းတဲ့အကြံတွေကို လက်ခံခဲ့မိတယ်လို့ရင်ဖွင့်လိုက်ပါတယ်။ ဗီလာ၊ စတုတ်စီးတီးနဲ့ ဝက်စ်ဟမ်းမှာ
ပွဲပေါင်း ၄၉၂ပွဲ ကစားခဲ့ပြီး ၁၇၃ဂိုးအထိသွင်းယူခဲ့တဲ့ ဂျွန်ကာရူးက “ကျွန်တော် သူ့ကိုမျက်စိမှိတ်ပြီးယုံခဲ့ပါတယ်။ သူပြောတာတွေကိုအမှန်ပဲလို့ယုံခဲ့တယ်။ သူက ကျွန်တော့်ကိုရုပ်သေးရုပ်လို
ထိန်းချုပ်ထားခဲ့တယ်။ ပြောသမျှလိုက်လုပ်ခဲ့ပြီး ကျွန်တော့်ဘက်ကပေါ့ဆခဲ့ပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။
အခွန်တိမ်းရှောင်မှုနဲ့ ဘောလုံးသမားတွေဟာ မကြာခဏဆိုသလို တရားစွဲခံနေရတာတော့ စိတ်ပျက်စရာပါပဲ။
Be the first to comment