ဂရေဟမ်ပေါ်တာတာဝန်ယူချိန်မှစ၍ ၎င်း၏ပထမနေရာကို ဒူးဒဏ်ရာကြောင့် ကီပါ ထံဆုံးရှုံးခဲ့ရပြီးနောက် ချယ်လ်ဆီးအသင်းမှ ထွက်ခွာသွားရန် ဆီနီဂေါလက်ရွေးစင်ဂိုးသမား မန်ဒီက ဆန္ဒရှိနေပါတယ်။
ချဲလ်ဆီးကြယ်ပွင့်ဂိုးသမား မန်ဒီ ရဲ့အနာဂတ်ဟာ မရေမရာ ဖြစ်နေချိန်မှာ သူ့ရဲ့ပထမအသင်းအခွင့်အရေးတွေကန့်သတ်ခံရမှာကို စိုးရိမ်နေတဲ့ကြားက ဂိုးသမားက ထွက်ခွာဖို့ကို တွေးတောနေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကိုဆီနီဂေါအသင်းနှင့်အတူ ဝင်ရောက် နိုင်ဖို့လဲ ဒဏ်ရာပြဿနာကြောင့် မသေချာသေးပါဘူး။
ရန်းနက်စ်အသင်းမှ၂၀၂၀ တွင် ပေါင် ၂၂ သန်းတန် စာချုပ်ဖြင့် ရောက်ရှိလာပြီးကတည်းက စတန်းဖို့ဒ်ဘရစ်ချ်တွင် အဓိက အောင်မြင်မှုတစ်ခု ရရှိခဲ့သည်။
ဒါပေမယ့်လည်း သောမတ်တူချယ်ကို ထုတ်ပယ်ပြီး လက်ရှိနည်းပြ ဂရေဟမ်ပေါ်တာ ရောက်ရှိလာပြီးနောက် ချယ်လ်ဆီးအသင်းရဲ့ နံပါတ် ၁ ဂိုးသမား ရာထူးကို သံသယဖြစ်ဖွယ် ရှိနေပါတယ်။
ဂိုးသမား မန်ဒီ ရဲ့ ချဲလ်ဆီးအနာဂတ်ဟာ သံသယဖြစ်ဖွယ်ရှိနေပြီး ဂိုးသမားကသူ့အတွက်အခွင့်ရေးပေးနိုင်မဲ့အသင်း ကို ပြောင်းရွှေ့ဖို့ စဉ်းစားနေပါတယ်။
ကီပါ သည် မန်ဒီ ဒူးဒဏ်ရာရရှိနေစဉ် ချဲလ်ဆီး၏ ပထမဦးစားပေးဂိုးသမားအဖြစ် ပေါ်တာ ၏အခွင့်ရေးပေးမှုကို ရရှိခဲ့သည်။
ဆီနီဂေါလက်ရွေးစင် မန်ဒီသည် ဒူးဒဏ်ရာမရစဥ် ချဲလ်ဆီးအသင်း၏ ယခင်လေးပွဲတွင် ၃ ပွဲသာ ရှုံးနိမ့်ထားသည်။
ဒါပေမယ့် သူ့ရဲ့ မကြာသေးမီက ကစားခဲ့တဲ့ ပွဲစဉ်တွေက မန်ဒီရဲ့ အငြင်းအခုံမရှိသော ချဲလ်ဆီး ပထမဦးစားပေး ဂိုးသမားအဖြစ် ကုန်ဆုံးသွားမှာကို စိုးရိမ်မှုတွေ မလျော့ပါးခဲ့ပါဘူး။
ဂိုးသမားက နံပါတ် ၁ အဖြစ် ရာထူးကို ပြန်လည်ရယူထိုက်ကြောင်း ပေါ်တာ ကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ထားသော်လည်း လာမည့်လတွင် ပရီးမီးယားလိဂ် ပြန်လည်စတင်သောအခါတွင် ပထမရွေးချယ်မှုအဖြစ် ချယ်လ်ဆီးအသင်းနည်းပြက ကီပါအားရွေးချယ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် သူ့ရဲ့ပွဲထွက်ခွင့်အတွက် စိုးရိမ်မှုများရှိနေပါသည်။
သောမတ်စ်တူချယ် ထုတ်ပယ်ခံရပြီးကတည်းက ချယ်လ်ဆီးအသင်း နံပါတ် ၁ အဖြစ် ၎င်း၏ အဆင့်အတန်းကို သံသယဝင်နေခဲ့သည်။
အမှန်မှာ၊ ဂရေဟမ်ပေါ်တာ သည် ၎င်း၏အသင်းဟောင်း ဘရိုက်တန်မှ ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း Sportsmail ကဖော်ပြထားပါတယ်။
Be the first to comment