စူပါအေးဂျင့်ဂျော့မန်ဒက်စ်၏အကူညီဖြင့်ဘိုင်ယန်သို့ပြောင်းရွှေ့တော့မည့်ရော်နယ်ဒို

စူပါအေးဂျင့်ဂျော့မန်ဒက်စ်နှင့် ခရစ္စတီယာနိုရော်နယ်ဒို တို့ဟာပြီးခဲ့တဲ့အပတ်တုန်းက လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင်ဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့ရေးအတွက်ဆွေးနွေးမှုပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်။


Ballon d’Or ၅ကြိမ်ရ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပီယာ့စ်မော်ဂန်နှင့်ပြုလုပ်တဲ့ အငြင်းပွားဖွယ်အင်တာဗျူးတွင် ယူနိုက်တက်၊ဂလေဇာမိသားစုနှင့်နည်းပြအဲရစ်တန်ဟက်တို့ကို ဝေဖန်မှုပြုလုပ်ထားပါတယ်။ဒါ့အပြင်မိနစ်၉၀ကြာမြင့်တဲ့ ယင်းအင်တာဗျူးတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာကစားဖော်ဟောင်းဝိန်းရွန်းနီနှင့်ဂယ်ရီနဗီးတို့ကိုဝေဖန်ထားပါတယ်။

ယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်တာဗျူးအပြည့်အစုံ ပြသလာမယ့်ဗုဒ္ဓဟူးနေ့နှင့်ကြာသပတေးနေ့အထိစောင့်ဆိုင်းပြီးမှ အခြေအနေအရပ်ရပ်ကိုဆုံးဖြတ်သွားပါမယ်။


ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်ယူနိုက်တက်သို့ပြန်လာဖို့မရှိတော့သလို ယူနိုက်တက်ဘက်ကလည်းစာချုပ်ဖျက်သိမ်းရေးလုပ်ဆောင်လာဖို့ရှိနေပါတယ်။

ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုကတည်းကဇန်နဝါရီတွင်အသင်းပြောင်းရေးအတွက်ကလပ်သစ်ရှာဖွေနေပြီဖြစ်ပါတယ်။ Daily Mail ရဲ့ဖော်ပြလာမှုအရ ဘိုင်ယန်မြူးနစ်တာဝန်ရှိသူများဟာ ပြီးခဲ့တဲ့အပတ်တုန်းကအင်္ဂလန်သို့လာရောက်ကာခရစ္စတီယာ နိုရော်နယ်ဒိုအပြင် အေးဂျင့်ဂျော့မန်ဒက်စ်နှင့်လည်း တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာနွေရာသီကတည်းကချန်ပီယံလိဂ်ကစားလိုမှုနှင့်အတူထွက်ခွာရန်ကြိုးပမ်းခဲ့ခြင်းဖြစ်ပေမဲ့ကလပ်သစ်ရှာမရမှုနှင့်အတူ ယူနိုက်တက်တွင်ဆက်ကစားခဲ့ရသူဖြစ်ပါတယ်။
ထိုစဉ်တုန်းကဘိုင်ယန်မြူးနစ်စီအီးအိုအိုလီဗာခန်းကခရစ္စတီယာနိုရော်နယ်ဒိုအားခေါ်ယူရေးမှာကလပ်ရဲ့ဖီလော်ဆိုဖီနှင့်ကိုက်ညီခြင်းမရှိကြောင်းဆိုခဲ့ဖူးပါတယ်။ဒါပေမဲ့နည်းပြနာဂျယ်မန်းကတော့ရော်နယ်ဒိုရဲ့လုပ်ခကြောင့်ခေါ်ယူရေးအတွက်အတားအဆီးဖြစ်လာနိုင်ကြောင်းဆိုသွားပါတယ်။

တကယ်လို့များဘိုင်ယန်မြူးနစ်သို့ပြောင်းဖြစ်လာမည်ဆိုပါကခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့် ချန်ပီယံလိဂ်ကစားခွင့်ရလာမယ့်အပြင်ထိပ်တန်းလိဂ်မှာလည်းကစားနိုင်ဦးမှာဖြစ်ပါတယ်။
ဘောလုံးလောကရဲ့ goatကြီး ရော်နယ်ဒိုတစ်ယောက် ကစားသမား ဘဝနေဝင်ချိန်ကို အောင်မြင်မှုတွေနဲ့ အဆုံးသတ်ပါစေပဲ ဆုတောင်း ပေးရုံမှတစ်ပါး။

Be the first to comment

Leave a comment

Your email address will not be published.


*