ချန်ပီယံလိဂ်ဘီလူးကြီး ရီးရဲမက်ဒရစ်ရဲ့မြို့ခံပြိုင်ဘက်ဖြစ်တဲ့
အက်သလက်တီကိုမက်ဒရစ်ဟာအသင်းကိုကာလရှည်ကြာကိုင်တွယ်လာတဲ့ဒီယေဂိုဆီမြွန်နီ၏နေရာတွင် ချဲလ်ဆီးမှအထုပ်ခံရပြီး အသင်းလက်မဲ့ဖြစ်နေသော သောမတ်စ်တူချယ်ကို ခန့်အပ်ကာအပြောင်းအလဲလုပ်သွားရန်စီစဉ်နေကြောင်းသိရပါတယ်။
ဒီယေဂိုဆီမြွန်နီဟာယခုရာသီတွင်အက်သလက်တီကိုမှာချန်ပီယံလိဂ်မှထွက်ခွာထားရသလိုလာလီဂါတွင်လည်းချန်ပီယံဆုအတွက်စိန်ခေါ်နိုင်ခြင်းမရှိမှုကြောင့်ဖိအားများဖြင့်ကြုံတွေ့နေရပါတယ်။
အာဂျင်တီးနားလူမျိုးနည်းပြဟာ၂၀၁၁ခုနှစ်ကတည်းကအက်သလက်တီကိုမက်ဒရစ်ကိုကိုင်တွယ်လာခဲ့သူဖြစ်ပြီးယူရိုပါလိဂ်ဖလား၂ကြိမ်နှင့်လာလီဂါဖလား၂ကြိမ်ရယူပေးထားပါတယ်။
ဒါပေမဲ့အက်သလက်တီကိုမက်ဒရစ်တာဝန်ရှိသူများဟာဒီယေဂိုဆီမြွန်နီအားထုတ်ပယ်ပြီးအသင်းကိုအပြောင်းအလဲပြုလုပ်ရန်စီစဉ်နေကြောင်း စပိန်မီဒီယာများကဖော်ပြနေပါတယ်။
စပိန်မီဒီယာများကအက်သလက်တီကိုဟာဆီမြွန်နီကိုထုတ်ပယ်လာပါက ချဲလ်ဆီးနည်းပြဟောင်း တူချယ်ကို ခန့်အပ်လာမည်ဖြစ်ကြောင်း ဖော်ပြနေပါတယ်။
တူချယ်ဟာစက်တင်ဘာလတုန်းကချဲလ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခံရပြီးနောက်အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။သူဟာကလပ်အချို့တို့ရဲ့ကမ်းလှမ်းမှုခံခဲ့ရပေမဲ့ပယ်ချခဲ့ပါတယ်။မကြာသေးမီတုန်းကတူချယ်ကလက်ရွေးစင်အသင်းကိုကိုင်တွယ်ရန်လည်းတံခါးဖွင့်ထားကြောင်းဖွင့်ဟခဲ့ဖူးပါတယ်။
ပရီးမီးယားလိဂ်မှာ နည်းပြအပြောင်းလဲတွေများသလို စပိန်လာလီဂါမှာလည်း မထင်မှတ်ထားတဲ့ နည်းပြပြောင်းလဲမှုတွေ ထပ်တွေ့ရမလဲဆိုတာ စောင့်ကြည့်ရပါအုန်းမယ်။
Be the first to comment