မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက််လာခဲ့ရတဲ့ အကြောင်းအရင်းကို ရှင်းပြရင်းနဲ့ ဒီနေရာမှာ အရာရာက ပိုပြီး ကြီးကျယ် ခမ်းနားတယ်လို့ သရဲနီတစ်ဖြစ်လဲ အိုးထရက်ဖို့ရဲ့ကွင်းလယ်ဗိုလ်ချုပ် အဲရစ်ဆင်က ထုတ်ပြော သွားခဲ့ ပါတယ် ။
ခရစ္စတီယံ အဲရစ်ဆင် ဆိုတာ နှလုံးရောဂါ ရရှိခဲ့ပြီးနောက်် ဘောလုံး အာကစားကို ပြန်ကစားနိုင်မှာ မဟုတ်တော့ဘူးလို့ ထင်ကြေးပေးခံခဲ့ရသူပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ သူဟာ ခက်ခဲတဲ့ ရက်စွဲတွေကို ကျော်ဖြတ်ပြခဲ့ပြီးနောက် ပြီးခဲ့တဲ့ ရာသီက ဘရန့်ဖို့ဒ် အသင်းဆီ ရောက်သွားခဲ့ပါတယ် ။
အဲ့ဒီမှာတော့ သူဟာ အထူး ခြေစွမ်းကောင်း ပြသသွားနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ် တို့ကို ရှုံးပွဲ ဆက်တိုက် မရှိစေအောင် ကူညီပေးခဲ့တဲ့ အပြင် ရာသီ အကုန်မှာတော့ အမှတ်ပေး ဇယား အလယ်အလတ် နေရာအထိ ရောက်ရှိအောင် ကူညီိ ပေးသွားနိုင်ခဲ့ပါတယ် ။
အဲ့ဒီနောက် သူဟာ ဘရန့်ဖို့ဒ် နဲ့ ကာလတို စာချုက် ကုန််ဆုံးခဲ့ပြီး အသင်းဖက်က နောက်ထပ် စာချုပ် သက်တမ်း တိုးဖို့ ကမ်းလှမ်းတာကို ခံခဲ့ရပါတယ် ။ ဒါပေမဲ့ သူ့ဖက်က အဆိုပါ ကမ်းလှမ်းချက်တွေကို လက်မခံပဲ ပယ်ချ ခဲ့ပါတယ် ။
အဲ့ဒီနောက် မန်ချက်စတာ ယူနိုက်တက် အသင်းမှ အဲရစ် တန်ဟတ် က သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ချိန် သူဟာ မန်ချက်စတာကို ရောက်လာခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ အဲရစ်ဆင် က သူဟာ ဘရန့်ဖို့ဒ်ဆီ ပြန်မသွားချင်ခဲ့ကြောင််း ရှင်းပြသွားခဲ့လိုက်ပါတယ်
” ကျွန်တော် စပါး အသင်း အတွက် ကစားပေးခဲ့စဥ်တုန်းက ကျွန်တော်နဲ့ ပတ်သက်လို့ ကမ်းလှမ်းမှုတွေ ၊ ဆွေးနွေးမှုတွေ ရှိခဲ့ပါသေးတယ် ။ အဲ့ဒီတုန်းကတော့ အလုပ်မဖြစ်ခဲ့ပါဘူး ။ ကျွန်တော် ကိုယ်တိုင်လည်း ထွက်မသွားချင်ခဲ့ဘူးလေ ”
” ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်မှာ အခွင့်အရေးတွေ ရှိနေခဲ့ပါတယ် ။ ကျွန်တော် ကိုယ်တိုင်လည်း ပြောင်းလိုခဲ့ပြီး ကံကောင်းထောက်မစွာပဲ မန်ချက်စတာ ယူနိုက်တက် အသင်းဖက်ကလည်း ကျွန်တော့်ကို လိုချင်နေခဲ့ပြန်ပါတယ် ”
” ခင်ဗျားတို့ မန်ချက်စတာ ယူနိုက်တက်လို့ ပြောလိုက်တာနဲ့ အရာရာတိုင်းက ခြားနားသွားပါပြီ ။ စိတ်ခံစားချက််တွေလည်း ပြောင်းလဲသွားပါပြီ ။ ဒီအသင်းက ဘယ်လောက််အထိ ကြီးကျယ် ခမ်းနားသလဲဆိုတာကို လူတိုင််း သိကြတယ်လေ ”
” ဒီအသင်းကို လူတွေ အများကြီး follow လုပ်ထားကြသလို မီဒီယာတွေရဲ့ အာရုံစိုက်မှုကိုလည်း အမြဲတမ်းရရှိနေခဲ့တယ်လေ ။ ကျွန်တော် နေခဲ့တဲ့ အသင်းတွေနဲ့ ယှဥ်ရင် ဒီအသင်းကြီး အပုံကြီး ကြီးကျယ်ခမ်းနားလှပါတယ် ” လို့ အဲရစ်ဆင် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။ယခုဆိုရင် အဲရစ်ဆင်ဟာ မန်ယူပရိတ်သတ်တွေရဲ့ နှလုံးသားကို အကြွင်းမဲ့ သိမ်းပိုက်ထားနိုင်ခဲ့ပါပြီ။
Be the first to comment