တန်ဟတ်ရဲ့ အရောင်းစာရင်းထဲ ချက်ချင်းထဲ့ခံလိုက်ရတဲ့ မက်ဂွိုင်းယား

မန်ယူနည်းပြ အဲရစ်တန်ဟတ်ဟာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို အရောင်းစာရင်းထဲ ချက်ချင်းကောက်ထည့်လိုက်တယ်လို့ အဂ်လန်အခြေစိုက်သတင်းတွေအရ သိရပါတယ်။

တန်ဟတ်ရဲ့ လက်အောက်မှာ ဒုက္ခတွင်းထဲ ရောက်နေသလို ဖြစ်နေတဲ့ မက်ဂွိုင်းယားဟာ အသင်းခေါင်းဆောင် ရာထူးကို ပြန်ရဖို့အတွက်အတော်လေးကို ကြိုးစားရုန်းကန်ရဦးမယ့် အခြေ အနေမျိုး ရောက်နေပါတယ်။ ကြားသိရတဲ့ သတင်းတွေအရဆိုရင်တော့ သရဲနီဟာ နည်းပြတန်ဟတ်လိုချင်တဲ့ ကစားသမားတွေ
ဝယ်ပေးနိုင်ဖို့အတွက် ငွေလိုနေတဲ့အတွက် ကစားသမားတွေကို ထုတ်ရောင်းဖို့ အစီအစဉ် ရှိနေပြီ ဆိုတာပါပဲ။

ဒါကြောင့် ပေါင်သန်း ၈၀ အထိ ပေးဝယ်ထားရတဲ့ မက်ဂွိုင်းယားလိုကစားသမားမျိုးကို ထိုက်သင့်တဲ့ ဈေးနှုန်းမျိုးနဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် မန်ယူက ရောင်းထုတ်ဖို့ရှိနေပြီး အရောင်းစာရင်းထဲမှာ အင်္ဂလန်နောက်ခံလူ ပါဝင်လာမှာ ဖြစ်တယ်လို့ The Guardianသတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒါပေမဲ့ သူ့ရဲ့ မူရင်းပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၈၀ ကိုတော့ လက်ရှိအနေအထားမှာ ဘယ်လိုအသင်းမျိုးကမှ ပေးပြီး ဝယ်မှာတော့ မဟုတ်ပါဘူး။နောက်တစ်ချက်က ဂေါင်းကြီးရဲ့ လုပ်ခလစာနှုန်းထားဖြစ်ပါတယ်။ လက်စတာ နောက်ခံလူဟောင်းဟာ မန်ယူမှာ တစ်ပတ် လုပ်ခလစာ ပေါင် ၁၉၀၀၀၀ ရနေသူဖြစ်ပြီး အဲဒီလို မြင့်မားတဲ့ လုပ်ခလစာနှုန်းထားတစ်ရပ်က တခြားအသင်းတွေကို ဆွဲဆောင်နိုင်ဖို့အတွက်တော့ အတော်လေး ခက်ခဲမယ့် အခြေအနေပါပဲ။

လက်ရှိမှာ နည်းပြတန်ဟတ်ဟာ ဗာရန်းနဲ့ မာတီနက်ဇ် အတွဲကို နံပါတ်တစ်ဦးစားပေးအနေနဲ့ ရွေးချယ်ထားပေမဲ့ မက်ဂွိုင်းယားကိုလည်း အဆင်သင့်အနေအထားရောက်တဲ့အခါ ဦးစားပေး ရွေးချယ်ဖို့ ရည်မှန်းချက်မျိုးတော့ ရှိနေပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးပြန်ကစားရမယ့် နောက်ထပ် ရာသီဝက်ကာလမှ မက်ဂွိုင်းယားအနေနဲ့ ပုံမှန်ခြေစွမ်းအောက် ရောက်နေပြီး အရန်ခုံမှာသာ အချိန်ကုန်နေခဲ့မယ်ဆိုရင်တော့ အင်္ဂလန်သား ရဲ့ အိုးလ်ထရက်ဖို့ဒ်ဇာတ်သိမ်းခန်းကပြီးဆုံးဖို့ နီးကပ်လာတော့မှာဖြစ်ပါတယ်။

မန်ယူပရိတ်သတ်တွေအနေနဲ့လဲ မက်ဂွိုင်းယားကို ရောင်းဖို့ဆုံးဖြတ်လိုက်တဲ့ တန်ဟတ်ရဲ့ ဆုံးဖြတ်ချက်အပေါ် အမြင်လေးတွေ ဝေငှသွားကြပါအုန်း။

Be the first to comment

Leave a comment

Your email address will not be published.


*