ရော်နယ်ဒိုနေရာအစားထိုးဖို့အတွက် မန်ချက်စတာယူနိုက်တက် အသင်းဟာ တိုက်စစ်မှူးသစ်ရှာဖွေနိုင်ခဲ့ပြီလို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။
ယူနိုက်တက်ရဲ့ပစ်မှတ်ကတော့ အားလုံးနဲ့စိမ်းတဲ့ မျက်နှာသစ်တွေထဲကဖြစ်ပေမဲ့ခြေစွမ်းပိုင်းအရတော့ပြောစရာမရှိလောက်အောင် ကောင်းနေခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ဗီလာကိုအရေးနိမ့်ပြီး ၉ ပွဲဆက်ရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့တဲ့နောက်ယူနိုက်တက်တာဝန်ရှိသူတွေဟာ တိုက်စစ်မှူးရှာပုံတော်ဖွင့်တာကို အရှိန်မြှင့်လိုက်တာဖြစ်တယ်။
လက်ရှိမှာတော့ ယူနိုက်တက်ဟာ ချီလီတိုက်စစ်မှူး ဘရီရစ်တန်ဒီယက်ဇ်ကိုခေါ်ယူဖို့အတွက်စျေးညှိနေပြီလို့ သတင်းထွက်လာတာပါ။နည်းပြတန်ဟတ်ဟာ နေရာစုံရွှေ့ပြောင်းကစားနိုင်တဲ့ တိုက်စစ်မှူးမျိုးကိုပိုပြီးအလိုရှိခဲ့ပြီး မာရှယ်ကိုနေရာပေးချင်ပေမဲ့ အဆင်မပြေတာကြောင့် သရဲနီကင်းထောက်တွေဟာ ပြီးခဲ့တဲ့ရက်သတ္တပါတ်အတွင်းမှာ ဘရီရစ်တန်ဒီယက်ဇ် ကိုစောင့်ကြည့်ခဲ့ကြတာဖြစ်တယ်။
ဒီယက်ဇ်ဟာ ချန်ပီယံရှစ်ကလပ်ဘလက်ဘန်းမှာ
ကစားနေသူဖြစ်သလို ပြီးခဲ့တဲ့ဘောလုံးရာသီမှာအသင်းအတွက် ၂၂ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း ဘလက်ဘန်းအတွက် ၉ ဂိုးသွင်းပြီး တာထွက်ကောင်းနေပြန်တဲ့
ချီလီသားဟာ အိုးလ်ထရက်ဖို့ဒ်ရောက်ဖို့ ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ပြီလို့ဆိုရပါမယ်။
ဒီကစားသမားဟာ ရာသီကုန်မှာ ဘလက်ဘန်းနဲ့စာချုပ်ပြည့်တော့မှာဖြစ်ပြီးယူနိုက်တက်အတွက် စိန်ခေါ်မှုတွေရှိလာနိုင်ပါတယ်။ ဥရောပတစ်လွှားက အသင်းတိုင်းဟာ ဒီယက်ဇ်ရဲ့ဂိုးသွင်းနှုန်းကို အစဉ်တစိုက်စောင့်ကြည့်နေခဲ့တာဖြစ်လို့ မန်ယူဘက်က
စာချုပ်ပြည့်တဲ့အထိ မစောင့်တော့ဘဲ ဇန်နဝါရီမှာမှန်ကန်တဲ့ငွေကြေး တစ်ရပ်စိုက်ထုတ်ပြီးခေါ်ယူဖို့ပြင်ဆင်လာတာဖြစ်တယ်။
ဘယ်သူမှမထင်ထားတဲ့ ကစားသမားကို ခေါ်ပြီး မန်ယူတိုက်စစ်မှာ အလုပ်ဖြစ်မလား ဝေဖန်ပဲခံရမလား ပရိတ်သတ်အသဲကို သိမ်းပိုက် မဲ့သူပဲဖြစ်မလားဆိုတာတော့ ဇန်နဝါရီမှာ ခေါ်ယူပြီး ပွဲထုပ်မှ စောင့်ကြည့်ရပါလိမ့်အုန်းမယ်။
Be the first to comment