မန်ချက်စတာယူနိုက်တက်ဟာ နယူးကာဆယ်၊ချဲလ်ဆီး တို့နှင့်ပွဲတွင် ကစားသမားများကိုထမ်းသိမ်းနိုင်ခြင်းမရှိသည့်အတွက် အဂ်လန်ဘောလုံးအဖွဲ့ချုပ်(FA)မှ ပေါင်၈၂၀၀၀ဒဏ် ရိုက်ပြီး အပြစ်ပေးခဲ့ပါတယ်။
နယူးကာဆယ်နှင့်၀-၀ ဖြင့်သရေကျတဲ့ပွဲတွင် ယူနိုက်တက်စတားများဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဂိုးကိုခွင့်မပြုမှုအတွက်ဒိုင်လူကြီးဝိုင်းရံစောဒကတက်ခဲ့ကြပါတယ်။
ယင်းပွဲအပြီးနောက်တစ်ပွဲဖြစ်တဲ့ချဲလ်ဆီးနှင့်ပွဲတွင်လည်းယူနိုက်တက်စတားများဟာချဲလ်ဆီးဘက်သို့ပင်နယ်တီပေးလိုက်မှုအပေါ်စောဒကတက်ခဲ့ကြပါတယ်။
ယူနိုက်တက်ဟာအထက်ပါဖြစ်ရပ်များအတွက်ပေါင်၄၂၀၀၀နှင့်ပေါင်၃၇၀၀၀ စီအသီးသီးဒဏ်ရိုက်ခံခဲ့ရပါတယ်။
ယူနိုက်တက်ဟာလည်း FA ရဲ့ဒဏ်ရိုက်မှုအပေါ်လက်ခံခဲ့ပါတယ်။
နယူးကာဆယ်နှင့်ပွဲတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာနယူးကာဆယ်ဂိုးသမားနစ်ပုပ်ထံမှဘောလုံးကိုရယူပြီးဂိုးသွင်းခဲ့မှုကိုဒိုင်လူကြီးခရစ်ပေါ်ဆင်ကခွင့်မပြုခဲ့ပါဘူး။ချဲလ်ဆီးနှင့်ပွဲတွင်ဒိုင်လူကြီးစတူးအပ်အက်ဝဲလ်ဟာစကော့မက်တိုမီနေးကဘရိုဂျာကိုဖမ်းလှဲချမှုအတွက်ပင်နယ်တီပေးခဲ့ပါတယ်။ယူနိုက်တက်စတားများဟာယင်းဖြစ်ရပ်များအတွက်ဒိုင်လူကြီးအကြီးအကျယ်စောဒကတက်ခဲ့ကြပါတယ်။
နောက်နောင် အဂ်လန်ပြည်တွင်းပြိုင်ပွဲများတွင် ကွင်းလယ်ဒိုင်အပေါ် လေးစားမှုမရှိပဲ စောဒကတက်ပါ ဒဏ်ရိုက်ခံရမည့်အပြင် ထိုထက်ကြီးလေးတဲ့ ပြစ်ဒဏ်များချမှတ် မည်ဖြစ်ကြောင်းကိုလည်း FA မှာထုပ်ပြန်ထားပါတယ်။
Be the first to comment