ချန်ပီယံရှစ်ကလပ် လူတန်တောင်းနည်းပြ နသန်ဂျုံးစ်ကို
ဆောက်သမ်တန်အသင်း ဟာ ရာထူးမှထုတ်ပယ်လိုက်တဲ့ နည်းပြရေးဖ်ဟတ်ဆန်ဟက်တဲလ်နေရာတွင်အစားထိုးခန့်အပ်လိုက်ပြီဖြစ်ပါတယ်။
အသက်၄၉နှစ်ရှိဝေးလ်လူမျိုးနည်းပြဟာချန်ပီယံရှစ်ကလပ်လူတန်တောင်းနည်းပြရာထူးမှနုတ်ထွက်ပြီးနောက် ဆောက်သမ်တန်နှင့်သုံးနှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ဟတ်ဆန်ဟက်တဲလ်ဟာဆောက်သမ်တန်ကိုလေးနှစ်နီးပါးကြာကိုင်တွယ်လာခဲ့ပြီးနောက် နယူးကာဆယ်ကို၄-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်တနင်္လာနေ့တုန်းကရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဂျုံးစ်က “ဒီအခွင့်အရေးရရှိလာတဲ့အတွက်အရမ်းဂုဏ်ယူတယ်။
TheDell(ဆောက်သမ်တန်ကွင်းဟောင်း)မှာကတည်းကဒီကလပ်နဲ့ပတ်သက်ပြီးအများကြီးသိတယ်။စိန့်မေရီသို့ရောက်လာတော့လည်းသိတာပါပဲ။ဒီကလပ်ကအံ့ဩသင့်စရာကောင်းတဲ့ကလပ်ပါ”လို့ပြောကြားသွားပါတယ်။
နသန်ဂျုံးစ်ဟာမနေ့ညတုန်းကဆောက်သမ်တန်ကရှက်ဖီးလ်ဝင်းနက်စ်ဒေးကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရရှိတဲ့ခါရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်ကိုပွဲကြည့်စင်မှကြည့်ရှုခဲ့ပါတယ်။
သူဟာဆောက်သမ်တန်အတွက်ပထမဆုံးပွဲစဉ်အဖြစ်စနေနေ့တွင် လီဗာပူးအားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမယ့်ပွဲကိုကြီးကြပ်သွားပါမယ်။
ချန်ပီယံရှစ်နည်းပြအတွေ့ကြုံနဲ့ ပရီးမီးယားလိဂ်မှာ တက်ပြီးအစွမ်းပြ နိုင်မလားဆိုတာတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရပါအုန်းမယ်။
Be the first to comment