အာဆင်နယ်နည်းပြ အာတီတာက အသင်းအနေနဲ့ လာမယ့် ဇန်နဝါရီမှာ ကစားသမားအင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ မဖြစ်မနေကို လိုအပ်နေပြီလို့ ဘရိုက်တန်ကို ၃-၁နဲ့ ရှုံးနိမ့်ခဲ့ ကာရာဘောင်ဖလားပွဲအပြီးမှာ ငြီးတွားခဲ့ပါတယ်။
လက်ရှိအာဆင်နယ်အသင်းဟာ အရန်ကစားသမား လုံလောက်မှု အားနည်း တဲ့အတွက် ကစားသမားအပြောင်းအလဲတွေ အများကြီး ပြုလုပ်တဲ့အခါအားနည်းချက်တွေ အများကြီး ရှိလာတယ်လို့ အာတီတာက ယူဆနေပါတယ်။ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အာတီတာဟာ ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ အသင်းလူစာရင်းအပေါ်
အပြောင်းအလဲ ၁၀ ခုအထိ ပြုလုပ်ခဲ့ပြီး အာဆင်နယ်ကို ပွဲထွက်စေခဲ့တာပါ။ ဒါကြောင့် ပထမပိုင်းမှာတင် ဘရိုက်တန်အသင်းရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရပြီး ပွဲချိန် ၁၁ မိနစ်မှာ အန်ကီတီယာရဲ့
သွင်းဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပေမဲ့ အနိုင်ရဖို့အထိတော့ မလုံလောက်ခဲ့ပါဘူး။
အာဆင်နယ်ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့အသင်းဖြစ်သလိုယူရိုပါလိဂ်မှာလည်း ၁၆ သင်းအဆင့်ကို တက်ရောက်ထားပြီဖြစ်ပေမဲ့ ဇန်နဝါ ရီမှာတော့ ကစားသမားအင်အား ဖြည့်တင်းမှု မဖြစ်မနေ လိုအပ်နေပြီဖြစ် တယ်လို့ အာတီတာက ဆိုပါတယ်။
‘’ဒါက ကျွန်တော်တို့အသင်းမှာ ရှိနေတဲ့ လူစာရင်းပဲ။ အကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး အကျိုးရှိရှိ အသုံးချရမှာပါ။ ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့ လူစာရင်း နည်းနည်းလေးနဲ့ပဲ လာခဲ့ရတာ။
နိုင်ပွဲရဖို့အတွက် ပင်နယ်တီဧရိယာထဲမှာ ကျွန်တော်တို့ လုပ်ရမယ့်ဟာ တွေကို မလုပ်ခဲ့တာကြောင့် ဒီအတွက် ကျွန်တော်တို့ ပေးဆပ်လိုက်ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနိုင်ရခဲ့တုန်းကလည်း
ဒီလူစာရင်းပါပဲ။ ကျွန် တော် အစကတည်းက ပြောခဲ့ပါတယ်။ အသင်းမှာ လူစာရင်းက နည်းနေတယ်လို့။ တစ်ဖက်မှာ ကျွန်တော်တို့ ကစားသမားတွေကို ထားခဲ့ရသေးတယ်။ ဒါက ကျွန်တော်တို့မှာ ရှိတာပဲ။
အကုန်လုံးက ဒဏ်ရာကင်းစင်ပြီး အဆင်သင့်ရှိနေတယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဒီကာလက ခင်ဗျားတို့ သိတဲ့အတိုင်းပဲလေ။ ဒါကို ကျွန်တော် အပြောင်းအရွှေ့ဈေးကွက်
စဖွင့်ကတည်းက ပြောခဲ့တာပါ’’ လို့ အာတီတာက ပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ ဘရိုက်တန်ကတော့ ကာရာဘောင်ဖလား ၁၆ သင်း အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ နွေရာသီမှာ လူအင်အားဖြည့်တင်းမှု မပြုလုပ်ခဲ့ရင်တော့ လက်ရှိနေရာကနေ ဖယ်ပေးရဖို့ သေချာသွား ပါလိမ့်မယ်။
Be the first to comment