ကာတာကမ္ဘာ့ဖလားမှာပေးအပ်မဲ့ဆုကြေးစာရင်းများ

ဖီဖာမှကျင်းပသည့် ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ရက်အနည်းငယ် သာလိုပါတော့တယ်။ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကမွတ်စလင်နိုင်ငံတစ်ခုတွင် ပထမဆုံးကျင်းပတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမှာဖြစ်သလို ဆောင်းရာသီမှာကျင်းပတဲ့ ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ လဲဖြစ်ပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲနီးကပ်လာမှုနှင့်အတူ ချန်ပီယံဖြစ်လာမယ့်အသင်းနဲ့ပတ်သက်ပြီးခန့်မှန်းချက်ကလည်းအများကြီးထွက်ပေါ်နေပါတယ်။ပိုပြီးတော့စိတ်ဝင်စားစရာကောင်းတာကတော့ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာချန်ပီယံဖြစ်တဲ့အသင်း ဆုကြေးငွေဘယ်လောက်ရရှိလာမလဲဆို တာပါပဲ။

ဖီဖာဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ချန်ပီယံဖြစ်တဲ့အသင်း ဆုကြေးငွေဘယ်လောက်ရရှိလာမလဲဆိုတာကြေညာထားပြီးသားဖြစ်ပါတယ်။

ကာတာကမ္ဘာ့ဖလားချန်ပီယံအသင်းဟာဆုကြွေးငွေယူရို၃၈သန်းအထိရရှိမှာဖြစ်ပြီးဒုတိယရရှိတဲ့အသင်းကလည်းယူရို၂၇.၇သန်းရရှိပါမယ်။

တတိယရရှိတဲ့အသင်းကယူရို၂၄.၄၅သန်းနှင့်စတုတ္ထရရှိတဲ့အသင်းကယူရို၂၂.၆၄သန်း အသီးသီးရရှိမှာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်သို့တက်ရောက်နိုင်တဲ့အသင်းများဟာယူရို၁၅.၄၀သန်းရရှိလာမှာဖြစ်ပြီး၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်တဲ့အသင်းများကယူရို၁၁.၇သန်းရရှိပါမယ်။

ရရှိမဲ့ဆုကြေးပမာဏထက် နိုင်ငံဂုဏ်သိက္ခာအတွက် အပြိုင်အဆိုင်ကြဲကမှာ မို့ တစ်ကမ္ဘာလုံးက အထူးပဲစိတ်ဝင်စားမယ်ဆိုတာ မလွဲပါဘူး။

Be the first to comment

Leave a comment

Your email address will not be published.


*