အင်္ဂါနေ့ညတုန်းကဘုန်းမောက်ကို၄-၁ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး ကရာဘောင်ဖလားမှထွက်ခွာခဲ့ရပြီးနောက် အဲဗာတန် ပရိတ်သတ်များဟာ နည်းပြဖရန့်လမ်းပတ်ကို ထုတ်ပယ်ရန် တောင်းဆိုလာပါတယ်။
တောင်ပိုင်းကမ်းခြေကိုသွားရောက်ကစားရတဲ့ပွဲစဉ်တွင် ကစားသမား၁၁ဦးလုံးအပြောင်းအလဲလုပ်ပြီး လမ်းပတ်က ပွဲထွက်လာခဲ့ပါတယ်။၎င်းတို့ဟာယခုအပတ်အကုန်တွင်လည်း ဘုန်းမောက်နှင့်ပရီးမီးယားလိဂ်တွင်ထပ်မံတွေ့ဆုံရပါအုန်းမယ်။
ဘုန်းမောက်ဟာပထမပိုင်းမှာတင်ဂျာမယ်လိုဝီနှင့်ဂျူနီယာစတာနစ်လစ်တို့ရဲ့ဂိုးဖြင့်၂-၀ဖြင့်ဦးဆောင်နေခဲ့ပြီးဒုတိယပိုင်းမှာမာကွန်ဒီနှင့်ဂျိုင်ဒွန်အန်တိုနီတို့ရဲ့ဂိုးဖြင့် ၄ ဂိုးရရှိခဲ့ပါတယ်။အဲဗာတန်အတွက်နှစ်သိမ့်ဂိုးကိုလူစားဝင်လာတဲ့ဂရေးကသွင်းယူခဲ့တာဖြစ်ပါတယ်။
အဲဗာတန်ပရိသတ်များဟာဘုန်းမောက်ကိုအရှက်တကွဲ ရှုံးနိမ့်မှုအတွက် နည်းပြဖရန့်လမ်းပတ်ကို အပြင်းအထန် ဝေဖန်နေကြပြီးရာထူးမှထုတ်ပယ်ရန်ပါတောင်းဆိုနေကြပါတယ်။
အဲဗာတန်ပရိသတ်တစ်ဦးက “လမ်းပတ်ထွက်သွား။ဒီအတိုင်းဆိုချန်ပီယံရှစ်မှာပဲကစားနေရလိမ့်မယ်”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “လမ်းပတ်ကိုထုတ်ပယ်လိုက်ပါ”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “လမ်းပတ်ကိုထုတ်ပယ်ပြီးဆမ်(အလာဒွိုက်)ကိုခန့်လိုက်ပါ”လို့ဆိုသွားပါတယ်။
လမ်းပတ်ရဲ့အဲဗာတန်ဟာခါရာဘောင်ဖလားမှထွက်ခွာရမှုနှင့်အတူ ဆုဖလားရနိုင်တဲ့နှစ်လုံးမှတစ်လုံးလက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ နောက်ထပ် ထုပ်ပယ်ခံရမဲ့နည်းပြက စတီဗင်ဂျာရတ် ပြီးရင် ဖရန့်လမ်းပတ်အလှည့် ဖြစ်လာခဲ့ရင်တော့ အဂ်လန်ကွင်းလယ် ဂန္တဝင်တွေရဲ့ နည်းပြဘဝဟာ ကျရှုံးမှုတွေနဲ့ စိတ် မကောင်းစရာပါပဲ။
Be the first to comment