ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဲ နီးလာသည်နှင့်အမျှ နိုင်ငံကိုယ်စားပြု ကစားသမားတွေ ဒဏ်ရာရတဲ့သတင်းက မကြားချင်တဆုံး ကြားနေရပါတယ်။
ယခုလဲဆာဒေယိုမာနေးဟာမနေ့ညတုန်းကဝါဒါဘရီမင်ကိုဘိုင်ယန်မြူးနစ်က၆-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ရရှိခဲ့တဲ့ဒူးဒဏ်ရာကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်မည်ဖြစ်ကြောင်းသိရပါတယ်။
ဆီနီဂေါစတားဟာပွဲအစ၁၅မိနစ်တွင်ပင်ဒဏ်ရာရရှိကာလီရွိုင်းဆာနေးနှင့်လူစားလဲလှယ်ခဲ့ရပါတယ်။
သူဟာနယ်သာလန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲကစားရန်၁၃ရက်သာလိုတော့တဲ့အချိန်တွင်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီးကမ္ဘာ့ဖလားပြိုင်ပွဲလွဲမည်ကိုစိုးရိမ်ခဲ့ရပါတယ်။
ဒါပေမဲ့ပြင်သစ်မီဒီယာ L’Equipe ကဆာဒေယိုမာနေးမှာဒူးဒဏ်ရာကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်မည်ဖြစ်ကြောင်းဖော်ပြလာပါတယ်။
တကယ်လို့များမာနေးသာလွဲချော်မည်ဆိုပါကဆီနီဂေါအတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါမယ်။သူဟာဖေဖော်ဝါရီလတုန်းကလည်းဆီနီဂေါကိုအာဖရိကဖလားချန်ပီယံဖြစ်အောင်အဓိကနေရာမှစွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။
ဆီနီဂေါဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်နယ်သာလန်၊အီကွေဒေါ၊ကာတာတို့နှင့်တစ်အုပ်စုတည်းကျရောက်နေပါတယ်။
နာမည်ကြီးကစားသမားတွေ မပါဝင်နိုင်မှုကြောင့်ကမ္ဘာ့ဖလား ပြိုင်ပွဲကို စိတ်ဝင်စားမှု နည်းသွားမှာတော့ စိုးရိမ်စရာပါ။
Be the first to comment