အဲဗာတန် နှင့် လက်စတာတို့ ဟာ မန်ယူ ဘယ်နောက်ခံလူ လုခ်ရှောကို ခေါ်ယူဖို့ စိုင်းပြင်းနေပြီဖြစ်တယ်လို့ အဂ်လန်အခြေစိုက်သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အသက် ၂၇ နှစ် ရှိနေပြီဖြစ်တဲ့ လုခ်ရှောဟာ နည်းပြတန်ဟတ်ရဲ့ လက်အောက်မှာ ပုံမှန်ခြေစွမ်းရလာပြီဖြစ်သလို ဖီယင်နုက ပြောင်းရွှေ့လာခဲ့တဲ့မာလာစီယာရှိနေပေမဲ့လည်း အားကိုးရတဲ့ ဝါရင့် ကစားသမား တစ်ယောက်အဖြစ် ရှိနေပါတယ်။ အင်္ဂလန် နောက်ခံလူဟာ ဒီရာသီမှာ မန်ယူ အတွက် ပြိုင်ပွဲစုံ ၁၄ ပွဲ
ကစားပေးထားပြီး ဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါ တယ်။ နောက်ဆုံး ကစားခဲ့တဲ့ ဗီလာနဲ့ ပွဲစဉ်မှာလည်း မန်ယူရဲ့ တစ်လုံးတည်း သော ချေပဂိုးမှာလည်း ပါဝင်ပတ်သက်မှု
ရှိခဲ့သူပါ။
ဒါကြောင့် အသင်းရဲ့ ဘယ်ခြမ်း တိုက်စစ်နဲ့ ခံစစ်ကို ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်ဖို့အတွက် လုခ်ရှောကို ခေါ်ယူဖို့ အထူးသဖြင့် အဲဗာတန်ဟာ မန်ယူနဲ့ စကားပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ စကားပြောဆိုဖို့ ကြံံရွယ်နေတဲ့ အဆင့်မျိုးသာ ရှိနေသေးတာကြောင့် ကာယကံရှင် ကစားသမား ကတော့အိုးလ်ထရက်ဖို့ဒ်ကလပ်နဲ့အတူ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေတယ်လို့ သိ ရပါတယ်။ လုခ်ရှောရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ လာမယ့် နွေရာသီ ရောက်ရင်ကုန်ဆုံးမှာဖြစ်ပြီး မန်ယူအနေနဲ့ နောက်ထပ် တစ်နှစ်သက်တမ်း တိုးခွင့်တော့ရှိနေပါသေးတယ်။
ဒါပေမဲ့ မန်ယူနဲ့ လုခ်ရှောတို့ကြားမှာလည်း စာချုပ်သက်တမ်းတိုးဖို့အတွက်စကားပြောဆိုဆွေးနွေးတာမျိုးတွေ လုံး၀ မရှိသေးဘူးလို့ အင်္ဂလန်အခြေစိုက် သတင်းတွေက ရေးသားဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကမိုင်ကိုလန်ကို ကို အသင်းဆီ ခေါ်ယူထားခဲ့ပေမဲ့ အဲဗာတန်ဟာ နောက်ထပ် ဘယ်နောက်ခံလူတစ်ယောက် အင်အားဖြည့် တင်းချင်နေတာမျိုးရှိပြီး လုခ်ရှောကို အမိအရ
ခေါ်ယူဖို့ ကြိုးစားသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
ယူကရိန်း လက်ရွေးစင် ကစားသမား မိုင်ကိုလန်ကိုဟာ အဲဗာတန်နဲ့အတူ ပြိုင်ပွဲစုံ ၁၄ ပွဲ ကစားခွင့် ရထားပေမဲ့ နည်းပြ လမ်းပတ်ဟာ
တိုက်စစ်ကို ပိုပြီး အထောက်အပံ့ပေးနိုင်တဲ့ ဘယ်နောက်ခံ ကစားသမား တစ်ယောက်ကို လိုချင်နေတာကြောင့် လုခ်ရှောကို ချိန်ရွယ်နေတာဖြစ်တယ် လို့ သိရပါတယ်။
လုခ်ရှောကရော မန်ယူနဲ့ပဲစာချုပ်သက်တမ်းတိုးဖြစ်မလား အဲဗာတန် ဒါမှမဟုတ် လက်စတာ ကိုပဲရောက်သွားမလားဆိုတာ လာမဲ့ဇန်နဝါရီလမှာ စောင့်ကြည့်ရပါအုန်းမယ်။
Be the first to comment