မန်ယူကို ဘယ်လိုဗျူဟာသုံးပြီးအနိုင်ယူခဲ့လဲဆိုတာပြောပြလိုက်တဲ့ ဗီလာနည်းပြ

တန်ဟက်ရဲ့ အသင်းသားတွေ လှစ်ဟာသွားတဲ့ နေရာလွတ်တွေကို အသုံးချပြီး မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူပြီး သူ့ရဲ့ပရီးမီးယားလိဂ် တကျော့ပြန်ခရီးအဖွင့်လှစေဖို့ ပွဲကြိုမှာကတည်းက စီစဉ်ခဲ့တယ်လို့ အမ်မရီက ပြောဆိုပါတယ်။


စတီဗင်ဂျာရတ်နေရာ အစားဝင်လာပြီး အက်စတွန်ဗီလာကို တာဝန်ယူနေတဲ့ အမ်မရီဟာ သူ့ရဲ့ တစ်ကျော့ပြန် ပရီးမီးယားလိဂ် ပွဲစဉ်ကို ယူနိုက်တက်ကို ဧည့်ခံခြင်းဖြင့် စတင်ခဲ့တာပါ။ ဒီပွဲ အနိုင်ရခြင်းနဲ့အတူ အမ်မရီရဲ့ တစ်ကျော့ပြန် အင်္ဂလန်ခရီးက တာထွက်ကောင်းခဲ့ပြီ ဖြစ်ပါတယ်။


ယူနိုက်တက်ကို ၃-၁ ဖြင့် အနိုင်ရတဲ့ ပွဲအပြီးမှာတော့ ယူနိုက်တက်နဲ့ ပတ်သက်ပြီး သူရဲ့ နည်းစနစ်ပိုင်း ပြင်ဆင်မှုအကြောင်းကို စပိန်သားက အခုလို ပြောပြခဲ့ပါတယ်။


” အသင်းသားတွေက သူတို့ရဲ့ ဆာလောင်မှုတွေကို ပြသခဲ့ပါတယ်၊ သူတို့ ခံစားချက်တွေ ကောင်းနေခဲ့တယ်။ လေ့ကျင့်ရေးက ပွဲကြို ပြင်ဆင်မှုမှာ ဘယ်လို စီစဉ်ထားတယ် ဆိုတဲ့ အကြောင်းတွေကို စဉ်းစားပြီး သူတို့ လုပ်ရမှာကို အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။


သူတို့ ကစားရမယ့် နေရာတွေကနေ ကစားခဲ့တယ်၊ သူတို့ရဲ့ စရိုက်ကောင်းတွေ ဘောလုံး စွမ်းရည်တွေနဲ့အတူ ခံစားချက်ကောင်းကောင်း ကစားနေတာကိုပဲ ကျနော် လိုချင်ခဲ့တာပါ။ အသင်း ရလဒ်တွေ မကောင်းထားတာက အရေးမကြီးပါဘူး ဒါပေမယ့် ယူနိုက်တက်ရဲ့ နေရာလွတ်တွေကို အသုံးချပြီး ကိုယ့်အလုပ်ကို အကောင်းဆုံး လုပ်နိုင်ဖို့တော့ လိုအပ်တာပေါ့။
အိမ်ကွင်းမှာ ပရိသတ်တွေရဲ့ အားပေးမှုကလည်း အရမ်းကို အကူအညီဖြစ်ပြီး သူတို့ ပေးတဲ့ အင်အားတွေက အံ့မခန်းပါဘဲ။ သူတို့က ကျနော်တို့ကို ခွန်အားတွေ ပေးတယ်၊ ယူနိုက်တက်ရဲ့ နေရာလွတ်တွေကိုလည်း အကောင်းဆုံး ဝင်ရောက် ကစားနိုင်ခဲ့တယ်။
အိမ်ကွင်းမှာ ကစားရတာကို အသင်းသားတွေ သဘောကျတယ် ထင်ပါတယ်။ ဒီရလဒ်ကောင်းကို တွန်းအားအဖြစ် အသုံးချသွားမှာပါ ” လို့ အမ်မရီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ကြားရက်မှာပဲ ကာရာဘောင်ပွဲအဖြစ် ယူနိုက်တက်နဲ့ ဗီလာတို့ဟာ ​နောက်တစ်​ကြိမ် အိုးထရတ်ဖိုဒ့်မှာ ထိပ်တိုက် တွေ့ကြဦးမှာ ဖြစ်ပြီး ဘယ်အသင်းက အနိုင်ရအုန်းမလဲ စောင့်ကြည့်ရပါအုန်းမယ်။

Be the first to comment

Leave a comment

Your email address will not be published.


*