ချန်ပီယံလိဂ် နှင့် ယူရိုပါလိဂ်၁၆သင်းအဆင့် မဲခွဲရလာဒ်များ

လီဗာပူးနှင့် ရီးရဲလ်မက်ဒရစ်တို့ဟာ ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ ပြန်လည်ထိပ်တိုက်တွေ့နေပါပြီး မန်ချက်စတာ နှင့် ဘာစီလိုနာ တို့က ယူရိုပါလိဂ်မှာ တွေ့ဆုံကြပါတယ်။

ချန်ပီယံလိဂ်၁၄ကြိမ်ချန်ပီယံရီးရဲလ်မက်ဒရစ်ဟာပြီးခဲ့တဲ့ရာသီတုန်းကပဲရစ်တွင်လီဗာပူးကို၁-၀ဂိုးဖြင့်အနိုင်ရရှိပြီးချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့ပါတယ်။ထိုစဉ်တုန်းကရီးရဲလ်မက်ဒရစ်အတွက်အနိုင်ဂိုးကိုပွဲချိန်၅၉မိနစ်မှာဗီနီရှပ်စ်ကသွင်းယူသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးမှာလည်းဂျာမန်ကလပ်ရက်ဘူးလ်လိုက်ဇစ်နှင့်တွေ့ဆုံနေသလိုစပါးစ်မှာလည်းစီးရီးအေထိပ်သီးအေစီမီလန်နှင့်ထိပ်တိုက်တွေ့နေပါတယ်။

ချဲလ်ဆီးမှာလည်းဂျာမန်ပြိုင်ဘက်ဒေါ့မွန်နှင့်တွေ့ဆုံနေပြီးပြင်သစ်ချန်ပီယံပီအက်စ်ဂျီမှာဘိုင်ယန်မြူးနစ်နှင့်ရင်ဆိုင်ရပါမယ်။ဒါ့အပြင်ဖရန့်ဖတ်နှင့်နာပိုလီ၊ဘရုဂျက်နှင့်ဘင်ဖီကာတို့ထိပ်တိုက်တွေ့နေပါတယ်။

ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်များကိုဖေဖော်ဝါရီလ၁၄ရက်/၁၅ရက်နေ့နှင့်ဖေဖော်ဝါရီလ၂၁ရက်နေ့/၂၂ရက်နေ့တို့တွင်လည်းကောင်း၊ဒုတိယအကျော့ကိုမတ်လ၇ရက်နေ့/၈ရက်နေ့နှင့်မတ်လ၁၄ရက်နေ့/၁၅ရက်နေ့တို့တွင်ကစားရပါမယ်။

လီဗာပူးနှင့်ရီးရဲလ်မက်ဒရစ်တို့ဟာချန်ပီယံလိဂ်နောက်ဆုံးခြောက်ရာသီတွင်လေးကြိမ်မြောက်ဆုံတွေ့ခဲ့ကြခြင်းဖြစ်ပြီးဗိုလ်လုပွဲတွင်နှစ်ကြိမ်ဆုံတွေ့ကာနှစ်ကြိမ်လုံး(၂၀၁၇-၁၈နှင့်၂၀၂၁-၂၂)တို့တွင်ရီးရဲလ်မက်ဒရစ်ကအနိုင်ရခဲ့ပါတယ်။

စပိန်လာလီဂါချန်ပီယံဟာ၂၀၂၀-၂၁ရာသီတုန်းကလည်းကွာတားဖိုင်နယ်မှာလီဗာပူးကိုဖြုတ်ချခဲ့ဖူးပါတယ်။

ယူရိုပါလိဂ် မဲခွဲပွဲစဥ်တွေ လဲထွက်ပေါ်လာခဲ့ပြီး မန်ယူ နှင့် ဘာစီလိုနာ၊ ဂျူဗင်တပ် နှင့် နန့်တက်၊ စပို့တင်း နှင့် မစ်ဂျေးလန့်၊ ရှက်တာဒိုးနတ် နှင့် ရန်းနက်၊ အေဂျက် နှင့် ယူနီယံဘာလင်၊ လေဗာကူဆင် နှင့် မိုနာကို၊ ဆီဗီလာ နှင့် ပီအက်စ်ဗွီ၊ လိုက်ဇက် နှင့် ရိုးမား တို့ တွေ့ဆုံကြမှာပါ။

 

Be the first to comment

Leave a comment

Your email address will not be published.


*