ဂါရတ်ဘေးလ်ရဲ့ဂိုးနဲ့ ပထမဆုံးအကြိမ်မေဂျာလိဂ်ဖလားရသွားတဲ့ လော့စ်အိန်ဂျယ်လိစ်

မနေ့ညတုန်းကလော့စ်အိန်ဂျယ်လိစ်အက်ဖ်စီအသင်း မေဂျာလိဂ်ဖလားဆွတ်ခူးနိုင်အောင်စပါးနဲ့ရီးရီးရဲကစားသမား ဟောင်း ဂါရတ်လ်ဘေးဟာ အရန်ခုံမှ ထလာပြီးအချိန်ပိုတွင် ချေပဂိုးသွင်းယူကာကူညီနိုင်ခဲ့ပါတယ်။


ဝေးလ်အသင်းခေါင်းဆောင်ဟာ၁၂၇မိနစ်တွင် ဖီလာဒယ်ဖီယာနှင့်ပွဲတွင်သုံးဂိုးစီသရေကျစေမဲ့တတိယချေပဂိုးကို သွင်းခဲ့တာလည်း ဖြစ်ပါတယ်။


ဂါရတ်ဘေးလ်ရဲ့လော့စ်အိန်ဂျယ်လိစ်အသင်းဟာ ဟာပင်နယ်တီအဆုံးအဖြတ်မှာတော့ အနိုင်ရရှိပြီး ကလပ်သမိုင်းတွင်ပထမဆုံးအကြိမ် အမေရိကန်မေဂျာလိဂ်ဖလားဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ပင်နယ်တီအဆုံးအဖြတ်တွင် ဂိုးသမားဂျွန်မက္ကာသီဟာ ဖီလာဒယ်ဖီယာရဲ့ပင်နယ်တီနှစ်ကြိမ်ကိုကာကွယ်သွားခဲ့ပြီး လော့စ်အိန်ဂျယ်လိစ်က ၃-၀ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

မနေ့ညကပွဲစဉ်တွင် ဘော့စ်အိန်ဂျယ်လိစ်ဟာ အေကော့စတာရဲ့ ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမဲ့ဒုတိယပိုင်းတွင် ဂါဒက်က ဖီလာဒယ်ဖီယာ အတွက်ပြန်လည်ချေပခဲ့ပါတယ်။ယင်းနောက်မူရယ်လိုက လော့စ်အိန်ဂျယ်လိစ်အတွက် ဦးဆောင်ဂိုးထပ်သွင်းခဲ့ပေမဲ့ ၂မိနစ်အကြာမှာပဲ အီးလီးယော့ကပြန်လည်ချေပခဲ့ပါတယ်။


ယင်းနောက်အချိန်တွင် လော့စ်အိန်ဂျယ်လိစ်ဟာ ခရီပီယူ အထုတ် ရခံမှုကြောင့် တစ်ယောက်အလျှော့ဖြင့်ကစားခဲ့ရသလို အီးလီးယော့က ဂိုးထပ်သွင်းလို့ရှုံးပြီလို့ယူဆခဲ့ရပါတယ်။ဒါပေမဲ့၁၂၇မိနစ်မှာတော့ ချန်ပီယံလိဂ်ရှင် ဂါရတ်ဘေးလ်က ချေပဂိုးသွင်းခဲ့တာကြောင့်ပင်နယ်တီ အထိဆက်သွား ခဲ့ရတာလည်းဖြစ်ပါတယ်။

ဝေးလ်အသင်းခေါင်းဆောင်အတွက် ကတော့ ကစားသမားဘဝ နေဝင်ချိန်ရောက်မှ နောက်ထပ်အောင်မြင်မှုမှတ်တိုင်ကို စိုက်ထူနိုင် ခဲ့တဲ့အတွက် ပီတိဖြစ်စရာပါပဲ။

 

Be the first to comment

Leave a comment

Your email address will not be published.


*