အာတီတာက ဇန်နဝါရီလမှာ လူနှစ်ယောက်ဝယ်ပေးမယ်လို့ ကတိပြု

ပရီးမီးယားလိဂ်ဖလားအတွက်ဆက်လက်စိန်ခေါ်နိုင်ရေးအတွက်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားခေါ်ယူအားဖြည့်နိုင်ရေးအစွမ်းကုန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတီတာက ပြောကြားလာပါတယ်။

နွေရာသီတုန်းကစားသမား၅ဦးခေါ်ယူအားဖြည့်ရာတွင်ပေါင်သန်း၁၂၀အထိ ဂန်းနားတို့က အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်ဟာနွေရာသီတုန်းကဂါဘရီရယ်ဂျေဆူး၊အိုလက်ဇန္ဒားဇင်ချန်ကို၊ဖေဘီယိုဗီအဲရာ၊မတ်တန်နာနှင့်မာကွင်ဟို့စ်တို့ကိုခေါ်ယူအားဖြည့်ခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နေပါတယ်။

သို့ပေမဲ့အာတီတာဟာရာသီအကုန်အထိပရီးမီးယားလိဂ်ဖလားအတွက်ဆက်လက်စိန်ခေါ်နိုင်ရန်အားခဲထားပါတယ်။

အာတီတာက “ဇန်နဝါရီအပြောင်းအရွှေ့မှာကစားသမားခေါ်ဖို့ကအရမ်းခက်တယ်။ဇန်နဝါရီအပြောင်းအရွှေ့ကအားလုံးသိတဲ့အတိုင်းပဲ။အခွင့်အရေးကလည်းနည်းတယ်။အချိန်ကလည်းတိုတောင်းတယ်။အခုကျွန်တော်တို့ရောက်နေတဲ့နေရာအရနောက်ထပ်ကမ္ဘာ့အဆင့်ကစားသမားလိုတယ်။ပြီးတော့ကစားသမားကလည်းဝယ်ယူနိုင်ဖို့ဈေးကွက်ထဲမှာရှိဖို့လိုတယ်။ကျွန်တော်တို့အားလုံးကိုကြည့်သွားမယ်။ဘာလုပ်နိုင်မလဲကြည့်ရမယ်”လို့ပြောကြားသွားပါတယ်။

အစောပိုင်းတုန်းကထွက်ပေါ်ခဲ့တဲ့သတင်းအရအာဆင်နယ်ဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အာတီတာကိုကစားသမားအားဖြည့်ရန်ပေါင်သန်း၅၀အသုံးပြုခွင့်ပေးလာမှာဖြစ်ကြောင်းသိရပါတယ်။

အာတီတာဟာဇန်နဝါရီတွင် ကစားသမား ၂ ဦးအနည်းဆုံးခေါ်ယူအားဖြည့်လိုနေကြောင်းသိရပါတယ်။

လာမဲ့ဇန်နဝါရီအပြောင်းရွှေ့မှာ အာဆင်နယ်အသင်း ဘယ်ကစားသမားတွေကို ခေါ်ယူပြီး ချန်ပီယံဆုကိုဆက်လက်စိမ်ခေါ် သွားမလဲဆိုတာစိတ်ဝင်စားဖို့ ကောင်းနေပြီဖြစ်ပါတယ်။

 

 

 

 

Be the first to comment

Leave a comment

Your email address will not be published.


*